သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ကတိအတိုင်း ဂွမ်တာနာမို အကျဉ်းစခန်း ပိတ်မည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကျူးဘားမှာရှိတဲ့
ဂွမ်တာနာမို အမေရိကန်စစ်တပ် အကျဉ်းစခန်းကို ပိတ်လိုက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး
ဒုတိယသမ္မတဟောင်း ဒစ်ခ် ချေနီ (Dick Cheney) အပါအဝင် တခြား ပြည်တွင်းက
ပုဂ္ဂိုလ်တော်တော်များများက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပေမယ့်လည်း ဒီအစီအစဉ်ကို
ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာအိုဘားမားက နောက်နှစ် ဇန်နဝါရီလမှာ ဂွမ်တာနာမို အကျဉ်းစခန်းက
အရှုပ်တော်ပုံတွေအားလုံးကို အဆုံးသတ်ဖို့ သန္နိဋ္ဌာန်ချထားတာ ဖြစ်ပါတယ်။ သမ္မတ
အိုဘားမားက ဂွမ်တာနာမို အကျဉ်းစခန်းမှာ ရှိနေတဲ့ အကျဉ်းသား ၂၄၀ ကို
အမေရိကန်ပြည်တွင်းက စူပါမက်စ်လို့ခေါ်တဲ့ လုံခြုံရေးအတွက် လုံးဝစိတ်ချရတဲ့
နေရာတနေရာကို ပြောင်းရွှေ့မှာဖြစ်ပြီး သူတို့ကို အမေရိကန် အရပ်သားတရားရုံးမှာ
စစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

တချို့အကျဉ်းသားတွေကိုတော့ စစ်တပ်တရားရုံးမှာ ရုံးတင်စစ်ဆေးမှာဖြစ်တယ်လို့
ပြောခဲ့ပါတယ်။ အကျဉ်းသား အယောက် ၅၀ ကိုတော့ တခြားနိုင်ငံကို ပြောင်းရွှေ့
ထားရှိဖို့ သဘောတူညီပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG