ရှေ့ နှစ်မှာ ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ စစ်အစိုးရကကြေညာထားပေမယ့်
မြန်မာပြည်မှာ နိုင်ငံရေးလွတ်လပ်မှု မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီရဖို့နီးလာပြီဆိုပြီး စစ်အစိုးရဝါဒ ဖြန့်သမားတွေက
ပေါ်လစီဆောင်းပါးရေးနေတာတွေ့ရပါတယ်။ စစ်အစိုးရဖက်က ရေးချင်သလိုရေး နေပေမယ့်
ဝေဖန်တိုက်ခိုက်ခံရသူဟာ ပြန်လည်ချေပခွင့်မရပါဘူး။ ဒါဟာ
တဖက်သတ်အနိုင်ကျင့်တဲ့ စစ်အစိုးရခေတ် နိုင်ငံရေးဓလေ့ပါပဲ။
လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လွတ်လပ်ဖို့လိုပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်သူကို မတရားတဲ့ စည်းကမ်းနည်းလမ်းနဲ့ ချုပ်ချယ်ရင်
လွတ်လပ်မှာမဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုရေးသားခွင့် -
လွတ်လပ်စွာသွားလာခွင့် - လွတ်လပ်စွားစည်းရုံးခွင့် - နဲ့ မဲဆွယ်ခွင့် -
ရှိဖို့လိုပါတယ်။ ဒါတွေမရှိပဲ ရွေးကောက်ပွဲလုပ်တာ အခမ်းအနားသာဖြစ်ပါတယ်။
လွတ်လပ်မှုမရှိဘဲ
ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ကြောင်း ဆောင်းပါးရှင်
ဦးအောင်ခင် က မညိုညိုလွင် နဲ့အတူ ဆွေးနွေးတင်ပြထားပါတယ်။