သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားဖို့ စစ်အစိုးရနဲ့ ဆွေးနွေးနေ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်အကျဉ်းထောင်မှာ တရားစွဲဆိုနေတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုပါတယ်။ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်သွားနိုင်ဖို့ အစီအစဉ်တွေရှိပြီး သူဘယ်အချိန်မှာ လာနိုင်မလဲဆိုတာ စစ်အစိုးရနဲ့ အလေးအနက် ဆွေးနွေးနေတဲ့အကြောင်း ) CNN ရုပ်သံသတင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

မေလ ၁၈ ရက်နေ့မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကိုးယောက်က အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အနေနဲ့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ စာ ရေးသားပေးပို့ခဲ့ပါတယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုမှာဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက CNN ရုပ်သံသတင်းကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တယောက်ကို နှစ်ရှည်ဖမ်းဆီးထားတဲ့အတွက သူ့အနေနဲ့ လုံး၀ လက်မခံတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြည့်အ၀ ယုံကြည်မှု ရှိတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေတာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ ရှေ့မှောက် ကြားနာစစ်ဆေးတာမျိုး ဖြစ်သင့်တယ်လို့ တောင်းဆိုပါတယ်။ စစ်အစိုးရဟာ တရားစီရင်ရေးမှာ တရား ဥပဒေ စိုးမိုးမှု မရှိဘူးလို့လည်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG