သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ဥရောပ အစည်အဝေး ဒေါ်အောင်ဆန်းစုကြည်အရေး အလေးပေး


ဗီယက်နမ်နိုင်ငံ (Vietnam) ၊ ဟန်နွိုင်မြို့ (Hanoi) မှာ ကျင်းပနေတဲ့ အာရှ-ဥရောပနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး (ASEM Foreign Ministers’ Meeting) တွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေး နဲ့ မြောက်ကိုရီးယားအရေးကို အလေးပေး ဆွေးနွေးပြောဆိုနေကြပါတယ်။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တက်ရောက်နေတဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး အီးယူအရာရှိတွေက ထပ်မံ တောင်းဆိုခဲ့ကြသလို အာစီယံနိုင်ငံတွေကလည်း သံတမန်ရေးအရ တိတ်တဆိတ်ချဉ်းကပ်တဲ့ နည်းလမ်းနဲ့ မြန်မာ့ပြသာနာကို အဖြေရှာနိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

မေလ ၂၅ ရက်နေ့က စတင် ကျင်းပခဲ့တဲ့ နှစ်ရက်ကြာ ဥရောပနဲ့ အာရှနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း အီးယူ ဥရောပ အရာရှိတွေ ထပ်မံ ထုတ်ဖေါ်ပြောဆိုခဲ့ကြတာပါ။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံပြောင်းလဲရေးမှာ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးဘို့ အီးယူ အရာရှိတွေက တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG