သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ


တနင်္လာနေ့မှာ မြောက်ကိုရီးယားက ပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုဟာ ဒေသ
တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်တယ်လို့
တောင်ကိုရီးယားက ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ လီမြောင်-ဘက် (Lee Myung-bak) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်
လီဒေါင်-ကွမ် (Lee Dong-kwan) က တောင်ကိုရီးယားဟာ အမေရိကန်၊ ဂျပန်၊
တရုတ်၊ ရုရှားနိုင်ငံတို့နဲ့တွဲပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးစည်းဝေးပွဲမှာ
တုံ့ပြန်သွားမယ်လို့ ပြောဆိုပါတယ်။

မြောက်ကိုရီးယားက မြေအောက် နျူကလီးယား စမ်းသပ်မှုတရပ် အောင်မြင်စွာ
ပြုလုပ်ခဲ့တယ်၊ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ ပထမအကြိမ် စမ်းသပ်မှုထက် အခုစမ်းသပ်မှုက
ပိုပြီးအင်အားကြီးတယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီလိုစမ်းသပ်မှုပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ အနီးပစ်ဒုံးကျည် ၃ ကြိမ် စမ်းသပ်
ပစ်လွှတ်ခဲ့သေးကြောင်း တောင်ကိုရီးယား ယွန်ဟပ်ပ် (Yonhap) သတင်းအေဂျင်စီက
ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ဒီလိုစမ်းသပ်မှု
ဟာ အကြီးအကျယ် စိုးရိမ်စရာဖြစ်တယ်၊ နိုင်ငံတကာက အရေးယူရလိမ့်မယ်လို့
ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG