သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ဆက်ချုပ်ထားပါက ၂၀၁၀ ရွေးကောက်ပွဲ တရားဝင်မှာမဟုတ်


မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ချုပ်နှောင်ပြီး လက်ရှိပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် စစ်အစိုးရကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးေကောက်ပွဲဟာ လုံးဝတရားဝင်မှာ မဟုတ်သလို နိုင်ငံတကာအလယ်မှာ အများလက်ခံတဲ့ ရွေးကောက်ပွဲလည်း ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်မယ့် ချဉ်းကပ်မှုမျိုးရှိအောင် အခိုင်အမာ ဆောင်ရွက်နေပါတယ်လို့ မေလ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် ကြားနာပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအပေါ် ပိုပြီး တိကျပြတ်သားတဲ့ အရေးယူတာမျိုးတွေ မလုပ်သင့်ဘူးလားဆိုတဲ့ အထက် လွှတ်တော် အမတ်တယောက်ရဲ့ အမေးကိုတော့ ဟီလာရီ ကလင်တန် က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဗျူဟာမြောက် သုံးသပ်နေတယ်လို့ ပြောဆိုပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ASEAN အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့သလို ကုလသမဂ္ဂရဲ့ ထောက်ခံမူတွေ ရဖို့လည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ကြိုးစားနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG