သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူစမ်းသပ်မှု လုံခြုံရေးကောင်စီမှာ တညီတညွတ်တည်း ရှုတ်ချ


မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို
ပြတ်ပြတ်သားသား ချိုးဖောက်လိုက်တာပဲလို့ အရေးပေါ် လုံခြုံရေးကောင်စီ စည်းဝေးပွဲ
က အပြစ်တင်လိုက်ပါတယ်။

မြေအောက်နျူကလီးယားစမ်းသပ်မှု လုပ်ခဲ့တယ်ဆိုတဲ့ မြောက်ကိုရီးယားတို့ရဲ့
ပြောကြားချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်
မူကြမ်းကို ရေးဆွဲဖို့အတွက် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း သဘောတူခဲ့
ကြတယ်ဆိုတာကို လက်ရှိ လုံခြုံရေးကောင်စီဥက္ကဋ္ဌဖြစ်တဲ့ ရုရှားသံအမတ်ကြီးက
ပြောခဲ့ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ပြင်းထန်တဲ့ အရေး
ယူမှုတွေ ထည့်သွင်းနိုင်ဖို့ အမေရိကန်အစိုးရ
က ကြိုးစားမယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ
အမေရိကန်သံအမတ်ကြီး ဆူဆန် ရိုက်စ်
(Susan Rice) က ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယားနဲ့
ဒုံးလက်နက်အစီအစဉ်ဟာ ကမ္ဘာတ၀န်း
လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အကြီးအကျယ်
ခြိမ်းခြောက်နေတယ်လို့ အမေရိကန်သမ္မတ
ဘရက်ခ် အိုဘားမား (Barack Obama) က
တနင်္လာနေ့မှာ ပြောခဲ့သလို ဒီလိုစမ်းသပ်မှု
တွေ လုပ်တာဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ
လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းလည်းဖြစ် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံလည်းဖြစ်တဲ့
တရုတ်နိုင်ငံ အစိုးရကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုကို လုံးဝ
ကန့်ကွက်တယ်လို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း သူ့အနေနဲ့
အလွန်စိတ်ပျက်တယ်လို့ ပြောပြီး နျူကလီးယား စမ်းသပ်မှုမျိုးကို မလုပ်ရလို့
၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို
မြောက်ကိုရီးယား ချိုးဖောက်တယ်လို့ ပြောပါတယ်။

အခုတခေါက်စမ်းသပ်မှုဟာ မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ
ထဲမှာ အကြီးမားဆုံးဖြစ်ပြီး မြေအောက်နျူကလီးယားစမ်းသပ်မှု အပြီးမှာ တာတိုပစ်
ဒုံးလက်နက်နှစ်ခုကိုလည်း မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG