သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ball စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း


Ball ဆိုတဲ့ စကားလုံးကိုအခြေခံတဲ့ အားကစားလောကမှ လာတဲ့ play ball, play by the rules နဲ့ behind the eight ball အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

Play ball - Play (ကစားသည်) Ball (ဘောလုံး)။ ဘောလုံးကစားသည် လို့ လုံးကောက်အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ အားကစားမှာတင်မဟုတ်ဘဲ နေ့စဉ်ဘဝမှာလည်း တဦးဦးနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတာကို ရည်ညွှန်းပြောဆိုလို ရပါတယ်။

"The young men refuted to answer questions. They did not play ball with the police so they were taken to the police station for further questioning."

"လူငယ်တွေက ရဲကမေးမြန်းတာကို မဖြေကြဘူး။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် စစ်ဆေးမေးမြန်းခံရဖို့ ရဲဌာနကို ခေါ်သွားခြင်း ခံကြရတယ်။"

Play by the rules - Rule (စည်းမျဉ်း၊ စည်းကမ်း)။ စည်းကမ်းနဲ့ကစားပါလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ အများအားဖြင့် နေ့စဉ်နေထိုင်မှုဘဝမှာ ယေဘူယျအားဖြင့် လိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်လူ့စည်းကမ်းတွေကို ထိန်းထိန်းသိမ်းသိမ်းနေထိုင် သွားတာကို ရည်ညွှန်းပြောဆိုကြတာကို ဆိုလိုပါတယ်။

"Playing by the rules in life is sometimes not easy, but in the long run you have less worry, less problem, and more peace of mind."

"ဘဝမှာ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို လိုက်နာနိုင်ဖို့က တခါတလေကြတော့ မလွယ်လှဘူး။ ဒါပေမဲ့ ရေရှည်မှာတော့ အဲဒီလိုနေနိုင်ရင် အပူအပင်၊ ပြဿနာတွေ နည်းပြီး စိတ်ချမ်းသာမှု ပိုရတယ်။"

Behind the eight ball - Behind (နောက်ဖက်မှာ)၊ Eight (နံပတ်ရှစ်)။ နံပတ်ရှစ်ဘောလုံးရဲ့နောက်ဖက်မှာလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒီအသုံးက Poll သို့မဟုတ် Billiard ကစားကြသူများ ပိုနားလည်းကြပါလိမ့်မယ်။ ဘီလီယက် ကစားရမှာ အရောင်ရှိတဲ့ဘောလုံးတွေ တစ် ကနေ တဆယ့်ငါး အထိ ဘီလီယက်ခုံပေါ်မှာတင်ပြီး ကစားရပါတယ်။ အဖြူရောင်ဘောလုံးက တခြားဘောလုံးတွေကို တိုက်သွင်းတဲ့ cue ဘောလုံးဖြစ်ပါတယ်။ လူနှစ်ယောက် ဘီလီယက် ထိုးကြရင် ဘောလုံး ၁ ကနေ ၁၅ မှာ တဝက်ခွဲလိုက်ရင် ၁ ကနေ ၇ ထိ တဦးကသွင်းရမယ်။ ကျန်နံပါတ်တွေဖြစ်တဲ့ ၉ ကနေ ၁၅ ထိတပ်ထားတဲ့ ဘောလုံးကိုတော့ နောက်တယောက်က သွင်းရပါမယ်။ အလယ်မှာကျန်နေတဲ့ ရှစ် ဂဏန်းကိုတော့ ကိုယ်ဖက်ကသွင်းရမဲ့ ဘောလုံးတွေကုန်သွားရင် သွင်းရမဲ့ ဘောလုံးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်သွင်းရမဲ့ ဘောလုံးတွေက အဲဒီနံပါတ် ရှစ်ဘောလုံးနောက်မှာရောက်နေခဲ့ရင် ရှစ် ဘောလုံးက ခံနေတဲ့အတွက် သိပ်အခြေအနေမကောင်းတဲ့ သဘောဖြစ်ပါတယ်။

"We were really behind the eight ball from start. So I am very disappointed in our start, I am very disappointed in the performance of a number of our players over ninty minutes. The better team won."

"ပွဲစတင်ကတည်းက အခြေအနေကမလှဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ စ ကန်ကတည်းက ကျနော်က သိပ်စိတ်ပျက်နေမိတယ်။ ဒီ မီနစ် ကိုးဆယ် အကြာမှာ ကျနော်တို့ကစားသမား အတော်များများ ခြေစွမ်းနဲ့ ပတ်သက်လို့လည်း ကျနော်အကြီးအကျယ် စိတ်ပျက်မိတယ်။ ခြေသာတဲ့ အသင်းက နိုင်သွားတယ်။"


ဆက်စပ်သတင်းများ ...

XS
SM
MD
LG