ဖွံ့ဖြိုးမှုနဲပါးတဲ့ ချင်းတွင်းမြစ်ကြောင်းပေါ်မှာ အမေရိကန်ဒေါ်လာ သန်းသုံးထောင်ကျော် ကုန်ကျမဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ အတွက် အိန္ဒိယနိုင်ငံနဲ့ စီစဉ်နေမှုတွေဟာ ဒေသဖွံ့ဖြိုးဖို့ထက် ဒေသခံတွေကို အဆင်မပြေဖြစ်စေတဲ့အပြင် သဘာ၀ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ထမံသီဒေသခံ ကူကီးတိုင်းရင်းသား ကိုလူလွန်းရဲ့ပြောကြားချက်တွေကို တင်ပြထားပါတယ်။