သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂနဲ့ မြန်မာ့လူ့အခွင့်အရေး ပြဿနာများ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UN Security Council) ဟာ ယူကိုစလားဗီယား (Yugoslavia)၊ ရဝမ်ဒါ (Rwanda)၊ ဆူဒန် (Sudan) နိုင်ငံတို့က လူ့အခွင့်အရေးချိုးဖျက်မှုတွေကို အရေးယူနိုင်ပြီး မြန်မာနိုင်ငံကိုတော့ လစ်လျူရှုထားကြောင်း အမေရိကန်နိုင်ငံ ဟားဗတ် (Harvard) တက္ကသိုလ် ဥပဒေဌာနက မေလ ၂၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အမြင်ဆုံး အာဏာပိုင်လုံခြုံရေးကောင်စီဟာ မြန်မာစစ်အာဏာရှင် အစိုးရမတရားလုပ်တာကို မဟန့်တားနိုင်ဘူးလို့ ပြောနေတာနဲ့ အတူတူဖြစ်နေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို လစ်လျူရှုတာမဟုတ်ပါဘူး မတင်မကျလုပ်နေလို့ ဝေဖန်ခံရခြင်းဖြစ်ပါတယ်။ ခလေးစစ်သားကိစ္စမှာလည်း လုံခြုံရေးကောင်စီ သိက္ခာကျနေကြောင်း ခလေးနဲ့လက်နက်ကိုင် ပဋိပက္ခ စောင့်ကြည့်ရေး (Watchlist on Children and Armed Conflict) အဖွဲ့ကလည်း စာမျက်နှာ ၆၀ ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ခလေးစစ်သားများအရေး ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေကို မျက်မှောက်ရေးရာ ဆောင်းပါးရှင် ဦးအောင်ခင် က မညိုညိုလွင် နဲ့အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG