သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိ ကုလ စုံစမ်းမည်


ဒီနှစ်အစောပိုင်းတုန်းက ပါလက်စတိုင်းတို့ကို အစ္စရေးတို့က ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တဲ့ စစ်မက်ပဋိပက္ခမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေဟာ ဂါဇာကမ်းမြှောင်ဒေသကို နောက်အပတ် ထဲမှာ သွားရောက်ကြမှာ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံသား ရှေ့နေ Richard Goldstone ဦးဆောင်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လာမယ့် တနင်္လာနေ့မှာ အီဂျစ်နိုင်ငံကတဆင့် ဂါဇာကမ်းမြှောင်ဒေသကို သွားကြမှာ ဖြစ်ပါတယ်။

ဂါဇာဒေသပဋိပက္ခတွေနဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေက ထွက်ဆိုတာတွေကို လူထုကြားနာပွဲတရပ် ကျင်းပဖို့ ရည်ရွယ်ချက် ရှိတယ်လို့ ရှေ့နေ မစ္စတာ Goldstone က ပြောခဲ့ပါတယ်။

ဂါဇာဒေသပဋိပက္ခမှာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရှေ့နေ ၄ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အစ္စရေးတပ်တွေအပေါ်မှာရော ဟားမတ်စ်တို့အပေါ်မှာပါ စွပ်စွဲထားတာတွေကို စုံစမ်းစစ်ဆေးကြရမှာ ဖြစ်ပါတယ်။

အခုလို စုံစမ်းစစ်ဆေးမယ့် အစီအစဉ်ဟာ ဂျူးလူမျိုးတွေကို တဖက်သတ် နစ်နာစေချင်တာကြောင့် ဖြစ်တယ် ဆိုပြီး အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးက ကန့်ကွက်ခဲ့ပါတယ်။ ပါလက်စတိုင်းတို့ဖက်ကစပြီး သူတို့ကို ရော့ကတ်အမြှောက်တွေနဲ့ ပစ်လွှတ်ရန်စခဲ့တာကြောင့် သူတို့ဘက်က ပြန်ပြီး ထိုးစစ်ဆင်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးတို့က ပြောပါတယ်။ အဲဒီ ပဋိပက္ခကြောင့် ပါလက်စတိုင်း လူမျိုး ၁,၃၀၀ လောက် သေဆုံးပြီး အစ္စရေးတို့ဘက်က ၁၃ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG