ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းကို အင်ယားကန်ကိုဖြတ်ကူးပြီး ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တော (John William Yettaw) ဟာ ဘယ်လိုလူစားမျိုးလဲ။ မော်မန် (Mormon) လို့ ခေါ်တဲ့ ခရစ်ယာန်ဂိုဏ်ခွဲတခုကို ကိုးကွယ်တဲ့သူဟာ လူတွေကို သနားကြင်နာတတ်သူ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်လိုသူ၊ ကိုယ့်မှမရှိတဲ့ကြားထဲကပဲ သူတပါးကို ပေးကမ်းစွန့်ကြဲဖို့ ဝန်မလေးသူတဦးဖြစ်တယ်လို့ သူ့ဇနီးဖြစ်သူ ဘတ်တီ ယက်တော (Betty Yettaw) က ပြောဆိုပါတယ်။ အိမ်နီးချင်းတချို့ နဲ့ သူ့အကြောင်း သိသူအချို့ ကတော့ ဒီလူဟာ ဥာဏ်ရည်ထက်မြက်ပုံရပေမဲ့ ခပ်ကြောင်ကြောင်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံက
လူအများစုကတော့ ဒီလူကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ
အမှုဖြစ် ဒုက္ခရောက်ရတယ်ဆိုပြီး ဒေါသပွါးနေကြပါတယ်။ စစ်အစိုးရနဲ့
ပူးပေါင်းကြံစည်သူ စွပ်စွဲကြသူများလည်း ရှိနေပါတယ်။ ဂျွန်ယက်တောရဲ့ 
ဘဝတစိတ်တဒေသကို ပိုမိုသိရှိနိုင်ဖို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်
ဦးရော်နီညိမ်း က မစ္စတာယက်တောရဲ့  ဇာတိမြေ အမေရိကန်ပြည်ထောင်စု
အနောက်အလယ်ပိုင်း Missouri ပြည်နယ် Falcon မြို့ ကို သွားရောက်ပြီး
စုံစမ်းတင်ပြထားပါတယ်။