သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် တာလီဘန် ချေမှုန်းတဲ့စစ်ဆင်ရေး အောင်ပွဲခံဖို့ လက်တကမ်းသာ လို


ပါကစ္စတန် အနောက်မြောက်ပိုင်းက ဆွာ့တ် တောင်ကြားဒေသနဲ့ ပတ်ဝန်းကျင် တဝိုက် တာလီဘန် လက်နက်ကိုင်တွေကို နှိမ်နင်း နေတာတွေဟာ လာမယ့် ၂ရက် ၃ရက်အတွင်းမှာ ပြီးဆုံးတော့မယ်လို့ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး ဆာရစ် အက်သာ အာလီ က စင်္ကာပူ နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဝန်ကြီးများအဆင့် လုံခြုံရေးဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောပါတယ်။ ဆွာ့တ် ပတ်ဝန်းကျင်ဒေသ တဝိုက် ပါကစ္စတန်ဘက်ကနေ ထိုးစစ်ဆင်နေမှုတွေမှာ ၁၀ ရာခိုင်နှုန်းလောက်သာ လုပ်ဆောင်ဖို့ ကျန်တော့တယ်လို့ ဝန်ကြီး အာလီ က ပြောပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်နဲ့ နယ် နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသ တလျှောက်မှာ တည်ငြိမ်မှုတွေ ရဖို့ မဟာမိတ်အဖွဲ့ရဲ့ ကြိုးစားမှုတွေဟာ မအောင်မမြင် ဖြစ်နေတာတွေအတွက် တော့ စိတ်ပူပန်မိတယ်လို့ ဆိုပါတယ်။ တချိန်ထဲမှာပဲ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေက ဒီ အာဖဂန်နစ္စတန် နယ်စပ် တလျှောက် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကနေ တာလီဘန် လက်နက်ကိုင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့ က ပြောပါတယ်။

တောင်ပိုင်း ဝါစီရစ္စတန်ဒေသက တိုက်ပွဲတွေမှာ ပါကစ္စတန် စစ်သား အနည်းဆုံး ၂ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စနေနေ့ က တာလီဘန်တွေ ကြီးစိုးထားတဲ့ ဆွာ့တ် တောင်ကြားဒေသ က မင်ဂိုရာ အချက်အချာကျတဲ့ မြို့ကို သိမ်းမိပြီလို့ ကြေညာ လိုက်ပါတယ်။ ပတ်ဝန်းကျင်ဒေသတဝိုက်က ကျန်နေသေးတဲ့ တာလီဘန် လက်နက်ကိုင်တွေကို ပါကစ္စတန် အစိုးရက ချေမှုန်း နေပါတယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် အဘက်စ် က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG