အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးတဦး မကြာခင် အနားယူတော့မှာမို့လို့ လစ်လပ်မယ့် သူ့ရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့အတွက် အမေရိကန်သမ္မတ ဘဲရက်ခ် အိုဘားမား က Spanic နွယ်ဖွား အမျိုးသမီး တရားသူကြီး စွန်ညာ စိုတိုမိုင်ရော ကို မေလ ၂၆ ရက်နေ့က အမည်တင်သွင်းခဲ့ပါတယ်။ သူ့အကြောင်းတစေ့တစောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက် ထားပါတယ်။