မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်းကို ရေကူးခိုးဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်တော (John William Yettaw) ဟာ ဘယ်လိုလူမျိုးလဲ၊ သူ့ရဲ့နောက်ခံသမိုင်း၊ ဘဝတစိတ်တပိုင်းကို သူ့ဇနီး Betty Yettaw နဲ့ ဒေသခံရဲမှုးကြီးတို့က ပြောဆိုထားပါတယ်။ ဂျွန်ယက်တောနေထိုင်ရာ ဒေသဖြစ်တဲ့ Massori ပြည်နယ် Falcon မြို့ ကို ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနက ကိုရော်နီညိမ်း ကိုယ်တိုင် သွားရောက်စုံစမ်း မှတ်တမ်းတင် တင်ပြချက်တွေကို ရှု့စားကြရမှာပါ။
ယက်တော ဇနီး Betty Yettaw၊ ကိုရော်နိညိမ်း (သတင်းထောက်)၊ ကိုပန်းသီး (ကင်မရာ)၊ ယက်တောရဲ့  သား