ပါကစ္စတန် စစ်တပ်က တာလီဘန် လက်နက်ကိုင်တွေကို ချေမှုန်းမှုတွေ လုပ်နေတဲ့ ဆွာ့တ် ဒေသက ပြည်သူတွေရဲ့ ကံကြမ္မာအတွက် အထူး စိုးရိမ်မိတဲ့အကြောင်း ကမ္ဘာ့ ကြက်ခြေနီအဖွဲ့အရာရှိတွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ အဲဒီဒေသက ပြည်သူ တွေရဲ့ အခြေအနေတွေကို ပထမဆုံးအကြိမ် လေ့လာ ဆန်းစစ်မှုတွေ လုပ်ပြီးေ နာက်ပိုင်းမှာ အခုလို စိုးရိမ် ဖွယ် အခြေအနေတွေမှာနေတဲ့အကြောင်းကို သူတို့က ပြောဆိုခဲ့ကြတာပါ။ အရပ်သား ပြည်သူတွေဟာ အစားအစာ သိပ်မရှိဘဲ စစ်မြေပြင်မှာ ပိတ်မိနေကြတယ်၊ ရေ၊ လျှပ်စစ်မီးနဲ့ မီးအားပေး စက်တွေ လည်ပတ်ဖို့ လောင်စာဆီ မရှိကြဘူးလို့ ကြက်ခြေနီ အကြီးအကဲ ဒန်နီယယ် အိုမားလေး က ပြောပါတယ်။ ထိုးစစ်ဆင်မှု တွေ ရက်ပိုင်းအတွင်း အဆုံးသတ်တော့မှာပါလို့ ပါကစ္စတန် ကာကွယ်ရေး ၀န်ကြီး ဆာရစ်အက်သာအာလီ က တနင်္ဂနွေနေ့က ပြောပါတယ်။ ပါကစ္စတန်ဟာ ဒေသတွင်း အစွန်းရောက်တွေရဲ့ ခြေကုပ်ဒေသ ဖြစ်တယ် ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေတယ်လို့ သူက အာရှဒေသ လုံခြုံရေး နှစ်ပတ်လည် အစည်းအဝေးမှာ ပြောပါတယ်။
၂၀၀၁ခုနှစ် အမေရိကန်ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်ခံရခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်း အာဖဂန် နစ္စတန် မှာ ပြဿနာတွေ ဖြစ်လာရတဲ့ အချိန်က စလို့ ပါကစ္စတန်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာရတာပါလို့ သူက ပြောပါတယ်။
၂၀၀၁ခုနှစ် အမေရိကန်ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်ခံရခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်း အာဖဂန် နစ္စတန် မှာ ပြဿနာတွေ ဖြစ်လာရတဲ့ အချိန်က စလို့ ပါကစ္စတန်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာရတာပါလို့ သူက ပြောပါတယ်။