မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့အမှုတွေကို စစ်အစိုးဖက်က တရားရေးလမ်းကြောင်းအရ ဆောင်ရွက်နေပေမယ့် တရားမျှတမှုလုံးဝမရှိ၊ တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ပြောဆိုပါတယ်။ တရားစီရင်မှုက ဥပဒေနဲ့ ညီပေမယ့် တရားမျှတမှု ရှုထောင့်ကကြည့်ရင် လုံးဝမတရားပါဘူး" လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောဆိုပါတယ်။
အမှုစီရင်နေတဲ့ကာလအတွင်း
အန်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ ထောက်ခံအားပေးနေသူများ
အင်းစိန်ထောင် အနီးပတ်ဝန်ကျင်မှာ ရှိနေကြပါတယ်။ မေလ ၂ရ ရက်နေ့မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာ
အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ် နဲ့
ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဆုတောင်းပွဲ၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆုတောင်းပွဲများကို
ကျင်းပခဲ့ကြပါတယ်။