ကမ္ဘောဒီးယားနိုင်ငံ၊ (Cambodia)၊ ဖနွမ်းပင်မြို့ (Phnom Penh) မှာ
ကျင်းပပြုလုပ်နေတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် ၁၀
နိုင်ငံနဲ့ ဥရောပ ၂၇ နိုင်ငံတို့ရဲ့ ၁၇ ကြိမ်မြောက် ၀န်ကြီးအဆင့်
အစည်းအဝေးကနေ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးဖို့ နဲ့
မြန်မာနိုင်ငံရေးအခြေအနေကို စိုးရိမ်ကြောင်း
ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်
တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားနဲ့
ဝင်ရောက်စွက်ဖက်မှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ မြန်မာ
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က တုံ့ပြန်ပြောဆိုပါတယ်။