သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ပြင်သစ်လေယာဉ်ကလို့ ယူဆရတဲ့ အပိုင်းအစတချို့ အတ္တလန္တိတ် သမုဒ္ဒရာမှာ တွေ့


အတ္တလန္တိတ် သမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရတဲ့ လေယာဉ်အပိုင်းအစများဟာ ဘရာဇီး
အနောက်မြောက်ကမ်းလွန်မှာ တနင်္လာနေ့က ပျောက်သွားတဲ့ Air France ခရီးသည်
လေယာဉ်က အပျက်တွေလားဆိုတာ ဘရာဇီးလေယာဉ်တွေက ကွက်ပြီးတော့ စူးစမ်း
ရှာဖွေ လေ့လာနေကြပါတယ်။

ကမ်းလွန် ကီလိုမီတာ ၆၅၀ အကွာမှာ လေယာဉ်ထိုင်ခုံတွေ၊ ဓာတ်ဆီတွေနဲ့ သတ္တုပိုင်း
အပိုင်းအစများကို ဘရာဇီးလေတပ်က အင်္ဂါနေ့မှာ တွေ့ရှိလိုက်တာ ဖြစ်ပါတယ်။ အဲဒီ
အပိုင်းအစတွေကို ရယူပြီးမှ ကျွမ်းကျင်သူများက ပျောက်နေတဲ့လေယာဉ်က အပိုင်းများ ဟုတ်မဟုတ် ပိုင်းဖြတ်နိုင်မှာလို့ တာဝန်ခံများက ပြောကြားကြပါတယ်။

ဘရာဇီးစစ်သင်္ဘောတွေကတော့ အဲဒီဒေသကို အင်္ဂါနေ့ည သို့မဟုတ် ဗုဒ္ဓဟူးနေ့အထိ
ရောက်နိုင်ကြဦးမှာ မဟုတ်သေးပါဘူး။

လူ ၂၂၈ ယောက်တင်ဆောင်ပြီး တနင်္လာနေ့က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ကနေ
ပဲရစ်မြို့ကို ပျံသန်းသွားတဲ့ A-330 Air Bus လေယာဉ်ကြီးတက်သွားပြီး ၄ နာရီလောက်
အကြာမှာ ပျောက်သွားတာပါ။

ဘရာဇီး၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတို့က အထူးကိရိယာများ တပ်ဆင်ထားတဲ့ လေယာဉ်
တွေက အဲဒီ ခရီးသည်တင်လေယာဉ်ကြီးရဲ့ ပျံသန်းမှု Recorder နဲ့ တခြားပစ္စည်းများကို
ရှာဖွေနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG