သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မူစလင်ကမ္ဘာ ဆက်ဆံရေးသစ် စဖို့ သမ္မတအိုဘားမား နှိုးဆော်


အကြမ်းဖက်ဝါဒ ပုံသဏ္ဌာန်မျိုးစုံကို ရင်ဆိုင်ဖို့
အတွက် အမေရိကန်ပြည်ထောင်စုနဲ့ မူစလင်
ကမ္ဘာတို့ အတူတကွ လုပ်ဆောင်ကြရမယ်လို့
အမေရိကန်သမ္မတ အိုဘားမား (Barack
Obama) က ပြောလိုက်ပါတယ်။

အမေရိကန်ဟာ အစ္စလာမ်ဝါဒနဲ့ စစ်ဖြစ်နေ
တာ မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်မှာ
မဟုတ်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်း
ပြောခဲ့ပြီးသားပါလို့ သမ္မတက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် လုံခြုံရေးကို
ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်
အစွန်းရောက်ဝါဒီတွေကိုတော့
ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

တင်းမာမှုရဲ့ နောက်ထပ်အရင်းအမြစ်တခုကတော့ အစ္စရေးလ်၊ ပါလက်စတိုင်းနဲ့
အာရပ်ကမ္ဘာကြား အခြေအနေပဲဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးလ်နိုင်ငံအကြား ခိုင်မာတဲ့စည်းနှောင်မှုဟာ လူသိထင်ရှား
ဖြစ်ပြီးသား ချိုးဖျက်လို့မရပါဘူးလို့ သူကပြောပါတယ်။ ဂျူးလူမျိုးတွေဟာ ရာစုနှစ်
ပေါင်းများစွာ နှိပ်စက်ခံခဲ့ကြရပြီး အစ္စရေးလ်ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တာ
တွေဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။

နောက်ထပ် တင်းမာမှု အရင်းအမြစ်တခုကတော့ နျူကလီးယားလက်နက်ကိစ္စ
ဖြစ်ပါတယ်။ အထူးသဖြင့် အီရန်က အနုမြူလက်နက်တွေ ပိုင်ဆိုင်ဖို့ လုပ်နေတဲ့အပေါ်
နိုင်ငံတကာရဲ့ အငြင်းပွားမှုဖြစ်တယ်လို့ မစ္စတာအိုဘားမားက အီဂျစ်နိုင်ငံ၊
ကိုင်ရိုတက္ကသိုလ်မှာပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG