သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မိန့်ခွန်း အာရပ်ကမ္ဘာ ကြိုဆို


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား
(Barack Obama) က အမေရိကန်
ပြည်ထောင်စုနဲ့ ကမ္ဘာမှာရှိကြတဲ့ သန်းပေါင်း
၁,၀၀၀ သော မူစလင်တို့ကြား ဆက်ဆံရေးမှာ
ကဏ္ဍသစ်တရပ်စတင်ဖို့ တောင်းဆိုသွားပြီး
နောက် နိုင်ငံအများအပြားကို သွားရောက်တဲ့
ခရီးစဉ်ရဲ့ နောက်ဆုံးအဖြစ် ဂျာမဏီနိုင်ငံကို
ရောက်ရှိပြီဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံအပြင် ပြီးရင်ဝင်ရောက်မယ့်
ပြင်သစ်နိုင်ငံမှာ မစ္စတာအိုဘားမား ဥရောပ
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒုတိယ
ကမ္ဘာစစ်မှာ အောင်နိုင်စေခဲ့တဲ့ မဟာမိတ်
တပ်တွေ နော်မန်ဒီကမ်းခြေကို ဆိုက်ရောက်ခဲ့တဲ့ D-Day ၆၅ နှစ်မြောက် အခမ်းအနား
ကို တက်ရောက်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မူစလင်တို့အကြား ရှိနေတဲ့ သံသယနဲ့ ကွဲလွဲမှုတွေ
သံသရာလည်နေတာ အဆုံးသတ်မှ ရတော့မယ်လို့ သမ္မတ အိုဘားမားက အီဂျစ်နိုင်ငံ
ကိုင်ရိုတက္ကသိုလ်မှာ ကြာသပတေးနေ့ကပဲ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

သွေးဆိုးတဲ့ အစွန်းရောက်သမားတွေဟာ မူစလင်တွေနဲ့ အနောက်နိုင်ငံကြားမှာ
ရှိထားတဲ့ တင်းမာမှုတွေကို အခွင့်ကောင်းယူခဲ့ကြတယ်လို့ သူကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မူစလင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ရှိနေတဲ့ အစွန်းရောက်မှု
ကို အတူလက်တွဲ တိုက်ဖျက်သွားရမယ်လို့လည်း မစ္စတာအိုဘားမားက ပြောကြား
သွားခဲ့ပါတယ်။

အမေရိကန်နဲ့ မူစလင်နိုင်ငံတွေကြားမှာ ဆက်ဆံရေးသစ်စတင်ဖို့ ပြောဆိုလိုက်တဲ့
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ မိန့်ခွန်းကို နိုင်ငံတကာက သတိနဲ့
အကောင်းဘက်က တုံ့ပြန်ခဲ့ကြပါတယ်။ အစဉ်အလာအားဖြင့် အမေရိကန်ကို
ဆန့်ကျင်နေတဲ့ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ကတောင် သတိနဲ့
အပြုသဘော တုံ့ပြန်ပါတယ်။

သမ္မတ မိန့်ခွန်းပြောဖို့ ပူးတွဲကမကထလုပ်တဲ့ ရှေးဟောင်း အယ်လ်အဇာတက္ကသိုလ်က
ဘာသာရေးခေါင်းဆောင်ကလည်း သမ္မတအိုဘားမားရဲ့ ပြောကြားချက်ဟာ
ယဉ်ကျေးမှုအချင်းချင်း ပဋိပက္ခထက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာစေဖို့
လမ်းခင်းပေးလိုက်ရာရောက်တဲ့ ဆက်ဆံရေးခေတ်သစ်ကို ဖန်တီးလိုက်တဲ့ လက္ခဏာ
ပဲလို့ပြောပြီး ကြိုဆိုခဲ့ပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်း ပဋိပက္ခနဲ့ပတ်သက်ပြီး မစ္စတာအိုဘားမား ဘွင်းဘွင်း
ရှင်းရှင်း ပြောခဲ့တဲ့အပေါ်မှာလည်း အရှေ့အလယ်ပိုင်းက တချို့က ကြိုဆိုလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒသစ်အတွက် ကောင်းတဲ့အစဖြစ်သလို
အရေးကြီးတဲ့ခြေလှမ်းလည်း ဖြစ်တယ်လို့ ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်
(Mahmoud Abbas) ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

သမ္မတအိုဘားမားရဲ့ မိန့်ခွန်းဟာ အရင် အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုနဲ့ ကွာခြား
ကြောင်း ထင်သာမြင်သာ ရှိစေတယ်လို့ ဟားမတ်စ်အဖွဲ့ ပြောခွင့်ရသူကလည်း
ပြောပါတယ်။ အမေရိကန်ရဲ့ ကဏ္ဍသစ်ဖွင့် ကြိုးပမ်းမှုဟာ ပဋိပက္ခတွေ အဆုံးသတ်
စေလိမ့်မယ်လို့ သမ္မတအိုဘားမားရဲ့ မျှော်လင့်ချက်မျိုး အစ္စရေးလ်ကလည်း မျှော်လင့်
ပါတယ်လို့ အစ္စရေးလ်အစိုးရက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG