အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်အထဲကို အမေရိကန်နိုင်ငံသား ခိုဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ ကြိုးစားနေတဲ့ စစ်အစိုးရကို နိုင်ငံတကာက အပြင်းအထန် ဝေဖန်ရှုတ်ချနေပေမယ့် စစ်အစိုးရဟာ ဥပဒေစကားပြောပြီး သူလုပ်တာမှန်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ အတိအလင်းချေပနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေး အပြစ်ပေးဖို့ ကြိုးစားနေတဲ့
ဗမာစစ်အစိုးရကို ဝေဖန်ရှုတ်ချ အရေးယူနေသူတွေရှိသလို
တရားဝင်အစိုးရအဖွဲ့အနေနဲ့ အသိအမှတ်ပြုပြီး ဆက်ဆံနေသူတွေလည်း ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အရေး နဲ့ ပတ်သက်တဲ့ တုံ့ပြန်မှုတွေကို ဆောင်းပါးရှင်
ဦးအောင်ခင် နဲ့ မညိုညိုလွင် တို့က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။