သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day (၆၅) နှစ်ပြည့် အခမ်းအနား သမ္မတ အိုဘားမား တက်ရောက်


အမေရိကန်သမ္မတ ဘရက် အိုဘားမား ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ပြင်သစ် နော်မန်ဒီကမ်းခြေကို မဟာမိတ်တွေ ဝင်တိုက်ခဲ့တဲ့ D-Day (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ နဲ့ တခြား ခေါင်းဆောင်တွေနဲ့အတူ နော်မန်ဒီကမ်းခြေမှာ စနေနေ့က တက်ရောက်ခဲ့ပါတယ်။

နော်မန်ဒီကမ်းခြေကို သွားရောက်ကူညီခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ကမ္ဘာကြီးက မေ့ပျောက်မှာ မဟုတ်ပါ ဘူး လို့ သမ္မတ အိုဘားမား က အဲဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ အန္တရာယ် အကြီးအကျယ်နဲ့ ရင်ဆိုင်လာရတဲ့အခါ အရင် က သူတို့ကိုယ့်သူတို့ သာမန်လူတွေ လို့ ထင်ကြသူတွေဟာလည်း ထူးထူးခြားခြား စွမ်းဆောင်နိုင်ကြပါလားဆိုတာကို ရှာတွေ့ တတ်ကြတယ်လို့လည်း သူက ပြောပါတယ်။ ဒီလူတွေက သူ့အခေါ် မကောင်းဆိုးရွား နာဇီ အတွေးအခေါ်ကြီးကို အဆုံးသတ် တိုက်ထုတ်နိုင်ခဲ့သလို ဒီလူတွေရဲ့ အောင်မြင်မှုက ဥရောပ တခုလုံးကို လွတ်မြောက်စေခဲ့ပြီး ၂၀ ရာစုရဲ့ လမ်းကြောင်းကို ပြောင်းသွားစေခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း၊ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟာဖာ နဲ့ စစ်မှူထမ်းဟောင်းတွေလည်း D-Day အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက အာဏာရှင်နိုင်ငံတွေက ပြည်သူတွေ မလွတ်မြောက်နိုင်သေးတဲ့အကြောင်း သူ့ရဲ့မိန့်ခွန်းအတွင်း ပြောကြားခဲ့သလို အဲဒီအထဲ စစ်အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာပြည်အကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG