သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန် ရွေးကောက်ပွဲ အနောက်လိုလား အုပ်စု အနိုင်ရ


လက်ဘနွန် နိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ပါလီမန် ရွေးကောက်ပွဲမှာ အနောက်နိုင်ငံတွေကို ထောက်ခံတဲ့ ညွှန့်ပေါင်း အစိုးရအဖွဲ့က အနိုင်ရရှိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ လက်ဘနွန် ပါလီမန်ရဲ့ လူများစု ခေါင်းဆောင် "စာရက် အယ် ဟယ်ရီးရီး"က ဟစ်ဘိုလာ ခေါင်းဆောင်တဲ့ မဟာမိတ်အဖွဲ့ကို အနိုင်ရရှိခဲ့တယ်လို့ သူ့ပါတီ ထောက်ခံသူတွေကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ ဘယ်သူမှ မနိုင်သလို ဘယ်သူမှ မရှုံးကြောင်း၊ ဒီရွေးကောက်ပွဲမှာ တကယ် အနိုင်ရရှိသွားတာက လက်ဘနွန်နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ဖြစ်တယ်လို့ ဟယ်ရီးရီး က ပြောပါတယ်။ မဲအရေအတွက် ဘယ်လောက်နဲ့ အသာစီးရပြီး အနိုင်ရခဲ့တယ်ဆိုတာကို အခုအချိန်အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG