သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သတင်းထောက် ၂ဦး မြောက်ကိုရီးယားက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂နှစ် စီရင်


အမေရိကန် အမျိုးသမီး သတင်းသမား ၂ ယောက် မြောက်ကိုရီးယားဘက်ကို တရားမ၀င် ဖြတ်သန်းဝင်ရောက်ခြင်းအားဖြင့် ကြီးမားတဲ့ရာဇ၀တ်မှုများ ကျူးလွန်လို့ တရားရုံးတော်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချလိုက်ကြောင်း KCN
ကိုရီးယား ဗဟိုသတင်းဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန်နိုင်ငံက Current ရုပ်သံလွှင့်ဌာနက အမျိုးသမီး သတင်းသမား ၂ယောက်ဖြစ်ကြတဲ့ ယူနာ လီ (Euna Lee) နဲ့ လော်ရာ လင်း (Laura Ling) တို့ ရဲ့အမှုကို စတင်စစ်ဆေးကြောင်း မြောက်ကိုရီးယား သတင်းမီဒီယာများက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

တရုတ်-မြောက်ကိုရီးယားနယ်စပ်မှာ မတ်လတုန်းက သတင်းမှတ်တမ်း ရိုက်ကူး နေစဉ် အဲဒီအမျိုးသမီး ၂ ယောက်ကို မြောက်ကိုရီးယားဘက်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကို အခုလို ထောင်ဒဏ်များ စီရင်လိုက်တဲ့အတွက် အမေရိကန်နိုင်ငံက အကြီးအကျယ်စိုးရိမ်ပြီး ပြန်လွတ် လာရေး ရနိုင်တဲ့နည်းလမ်းမှန်သမျှ အကုန်သုံးပြီး ကြိုးပမ်းနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG