ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ တရားစွဲဆိုမှုဟာ အခြေအမြစ်မရှိကြောင်း နဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် (Hilary Clinton) နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝီရယုဒ (Hassan Wirajuda) တို့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုသွားပါတယ်။ အခု သတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးအတွက် အာဆီယံနိုင်ငံတွေရဲ့တောင်းဆိုမှုကိုလည်း ချီးကျူးပြောသွားပါတယ်။