သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက ထောင်ချလိုက်တဲ့ သတင်းထောက် ၂ဦးကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို


မြောက်ကိုရီးယားနိုင်ငံက ထောင်ဒဏ်ချမှတ်လိုက်တဲ့ အမေရိကန် သတင်းထောက်
၂ယောက်မှာ အပြစ်မရှိကြောင်းနဲ့ သူတို့ကို ပြန်လွှတ်ပေးသင့်တယ်လို့ အမေရိကန်
နိုင်ငံက ပြောကြားလိုက်ပါတယ်။

လူသားချင်း စာနာတဲ့အနေနဲ့ ဒီအမျိုးသမီး သတင်းထောက် ၂ယောက်ကို ပြန်လွှတ်
ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ပြောရေးဆိုခွင့်
ရှိသူနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့က တောင်းဆို
လိုက်ပါတယ်။

သတင်းထောက် ယူနာလီ (Euna Lee) နဲ့ လော်ရာလင်း (Laura Ling) တို့ ၂ယောက်
ဟာ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ နယ်စပ်မှာ ရုပ်မြင်သံကြားသတင်းအတွက်
သတင်းပေးပို့နေစဉ် သူတို့ ၂ယောက်ကို မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့မတ်လ
တုန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းထောက် ၂ယောက်ဟာ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာ တွေ့ရှိခဲ့တာကြောင့်
နောက်ထပ်ဖြေရှင်းမှု တစုံတရာမပေးဘဲ သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂နှစ်
ချမှတ်ခဲ့တယ်လို့ ပြုံယမ်းမြို့မှာရှိတဲ့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းတွေက
ဆိုပါတယ်။

ဒီလို အမေရိကန် သတင်းထောက် ၂ယောက် ပြန်လွတ်ဖို့ကိစ္စအတွက် သံတမန်
နည်းလမ်းအရ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုဖို့ကိုတော့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ငြင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG