သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ထိုးစစ်ကြောင့် ကရင်ဒေသခံတွေ ထွက်ပြေး


မြန်မာနိုင်ငံတွင်းမှာ စစ်တပ်ကနေ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကို
ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကရင်ရွာသူရွာသားတွေ နေရပ်စွန့်ခွာပြီး
ဒုက္ခသည်တွေအဖြစ် ထိုင်းနိုင်ငံထဲ ထွက်ပြေးရောက်ရှိသွားကြတာကို ထိုင်းအစိုးရ
ကလည်း အတည်ပြုထားပြီးပါပြီ။ လောလောဆယ်မှာ တိုက်ပွဲတွေကလည်း ဆက်ဖြစ်
ဆဲ၊ ဒုက္ခသည်တွေလည်း ထပ်ပြီး ထွက်ပြေးနေကြရဆဲပါ။ အကြောင်းစုံကို ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက စုံစမ်းမေးမြန်းပြီး တင်ပြပေးထား
ပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းတွေအရ ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်ကနေ ၃ နာရီ
ကျော် အချိန်လောက်ထိ မြန်မာနိုင်ငံဘက်က စစ်အစိုးရတပ်တွေက လက်နက်ကြီး
အလုံး ၃၀ ကျော် ထပ်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်နေဆဲပါ
တယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ
၇ မှူး ဗိုလ်မှူးချုပ်ဂျော်နီကတော့ ဒီကနေ့ပစ်ခတ်မှုကို အခုလိုပြောပါတယ်။

“၂ နာရီ ၁၀ မိနစ်က စပစ်တယ်။ ဘီအေ ၃၆ လုံးက ထိုင်းနိုင်ငံမှာ ၃ လုံးကျတယ်။
၃ နာရီ ၅၆ မိနစ်အထိ။ ဒီနေ့ညနေ ၂ နာရီကနေ ၃ နာရီ ၅၆ မိနစ်အထိပေါ့။ ဟိုး
၎ ရက်တုန်းကစပြီး အခုထိပေါ့။ ဟိုအရင် တရက်နှစ်ရက်ကတော့ ပြောက်ကျားလေး
တွေပဲ။ သူတို့စပစ်တာ ၄ ရက်ကနေ အခုထက်ထိပဲ။ လာပေါ်ဟဲလ်တချက်၊ မဲသလေ့
တချက်၊ ဟိုး အောက်ကတချက်။ အခု ရှေ့တန်းမှာ တက်လာတာ ဒီကေဘီအေချည်းပဲ။
၃၃၃၊ ၅၅၅၊ ၉၉၉ ချည်းပဲ။ နအဖက အနောက်မှာ လက်နက်ကြီးနဲ့ ပစ်ပေးတယ်။”

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို ဇွန်လ ၄ ရက်နေ့ကနေ စလုပ်ခဲ့ပြီး နေ့စဉ်
လက်နက်ကြီးကျည် ၃၀ ကနေ ၄၀ လောက်ထိ စစ်အစိုးရတပ်တွေက ပစ်ခတ်ခဲ့တယ်
ဆိုပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ပြောပြပါတယ်။ တိုက်ပွဲတွေ
ဟာ ၂ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့သလို အခုရက်ပိုင်းတွေအတွင်းမှာပဲ လက်နက်ကြီး
ဒဏ်ကြောင့် အနီးတ၀ိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒုက္ခသည် ၃,၀၀၀
ကျော်ဟာ ထိုင်းနယ်စပ်ဘက်ကို ခိုလှုံလာခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က နီးစပ်ရာ
ဘုန်းကြီးကျောင်းတွေနဲ့ အိမ်ရာတွေအောက်မှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို နယ်စပ်
တလျှောက် ဆန်အပါအ၀င် စားနပ်ရိက္ခာတွေ အကူအညီပေးနေတဲ့ TBBC အဖွဲ့က
လည်း အကူအညီတချို့ ပေးနေပါတယ်။

နယ်စပ်ကိုပြေးလာတဲ့ ကရင်အမျိုးသမီးတဦး ပြောပြတာကတော့ ကလေးတွေကို
ရင်ခွင်ပိုက်ပြီး လက်နက်ကြီးတွေအောက်က လွတ်မြောက်အောင် ပြေးလာခဲ့ရတဲ့
အတွက် အတော့်ကို အခက်အခဲ ကြုံခဲ့ရကြောင်း၊ နယ်စပ်တလျှောက် ဒီလို တိုက်ပွဲတွေ
ဖြစ်တဲ့အခါတိုင်း သူတို့မှာ အမြဲလိုလို ပြေးလွှားနေရကြောင်းတွေကို ပြောပြသွားပါ
တယ်။

အခုဆိုရင် ဒုက္ခသည်ဦးရေ ၃,၀၀၀ ကျော်သွားပြီလို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က အခုလိုပြောပါတယ်။

“ကျနော်တို့သတင်းရသလောက်ကတော့ ၃,၀၀၀ ကျော်သွားပြီ။ ဒါပေမယ့် တကယ်က
တော့ ၃,၄၀၀ ရှိသွားပြီ။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း ထပ်ပြီးထွက်လာတာ
ရှိသေးတယ်။ အဲဒါတွေက ကျနော်တို့ သတင်းမရသေးဘူး။ အခု လာပေါ်ဟဲလ်
ဒုက္ခသည်စခန်း တခုလုံးက ထိုင်းနိုင်ငံဘက် ရောက်လာတယ်။ နို့ဖိုး၊ မဲသလေ့၊ အဲဒီ
ထိုင်းဘက်တွေမှာ သူတို့ လာနေကြတယ်။ လောလောဆယ် သူတို့နေရေးထိုင်ရေးကို
တော့ အဲဒီမှာရှိတဲ့ အဆောက်အဦးတွေအောက်မှာ နေနေကြတာပေါ့။”

အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်က ဦးသူးထ၊ နို့ဖိုး၊ ကလေထ၊ မဲသလေ့ စတဲ့ နေရာ
၎ ခုမှာ ဒုက္ခသည်တွေ ၀င်လာနေဆဲဖြစ်ပြီး အဲဒီနေရာတွေကိုတော့ ယာယီခိုလှုံရာ
နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။ ရွာတွေကို စွန့်ခွာလာခဲ့ရတဲ့ ဒုက္ခသည်တွေ
ကတော့ တိုက်ပွဲတွေပြီးရင် နေရပ်ရင်းကို ပြန်ချင်ပြီလို့ပဲ ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG