သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ပထမဆုံး ရုံးတင်စစ်ဆေးခံမည့် ဂွမ်တာနာမို အကျဉ်းသား နယူးယောက်ခ်ကိုရောက်


ဂွမ်တာနာမို အကျဉ်းစခန်းက အကျဉ်းသားတယောက်ကို ပထမဆုံးအကြိမ် အမှု
ရင်ဆိုင်ဖို့ အာဏာပိုင်တွေက အမေရိကန်နိုင်ငံကို ခေါ်ဆောင်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က အာဖရိက က တန်ဇန်းနီးယားနဲ့ ကင်ညာမှာရှိတဲ့ အမေရိကန်သံရုံး
ဗုံးဖောက်ခွဲမှုအတွက် အယ်လ်ကိုင်ဒါလို့ သံသယရှိသူ အာမက်ဒ် ဂါလာနီ (Ahmed
Ghailani) ကို အမှုရင်ဆိုင်ဖို့အတွက် နယူးယောက်ခ်မြို့ကို တရားရေးဌာန တာဝန်ရှိသူ
တွေက အင်္ဂါနေ့မှာ ခေါ်ဆောင်လာခဲ့ကြတာပါ။ အဲဒီဗုံးဖောက်ခွဲမှုကြောင့် လူ
၂၂၄ ယောက် သေဆုံးခဲ့ကြပါတယ်။

သူဟာ အမေရိကန် အရပ်ဘက် တရားရုံးမှာ အမှုရင်ဆိုင်တဲ့ ပထမဆုံးသော
ဂွမ်တာနာမို အကျဉ်းသားဖြစ်ပြီး အမှုပေါင်း ၂၈၆ မှုနဲ့ စွဲဆိုထားပါတယ်။ အိုစမာ
ဘင်လာဒင်နဲ့ ပူးပေါင်းကြံစည်မှု၊ အမေရိကန်နိုင်ငံသားတွေကို အခြား အယ်လ်ကိုင်ဒါ
အဖွဲ့ဝင်တွေနဲ့ သတ်ဖြတ်မှု အပါအဝင် သေသူတဦးချင်းစီအတွက် တမှုစီဖွင့်ဆိုထား
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG