အမေရိကန် စီးပွားရေး ပြန်လည်နိုးထစေဖို့ ချမှတ်ထားတဲ့ ဘဏ္ဍာငွေ ရာထားချက်နဲ့အညီ ဘီလျံနဲ့ချီတဲ့ ငွေတွေ စတင် သုံးစွဲဘို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ သမ္မတအိုဘားမားက သူ့ရဲ့အစိုးရအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးအကြောင်း ကိုသိန်းထိုက်ဦးနဲ့ မစုမြတ်မွန်တို့ ဒီတပတ် ဆွေးနွေးတင်ပြထားပါတယ်။