သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆုံးရောက် ကရင်ဒုက္ခသည်များ လိုအပ်ချက် ကုလနဲ့ထိုင်း ကူညီမည်


မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို
ထွက်ပြေးနေရသူတွေကို ကူညီစောင့်ရှောက်ဖို့ ကုလသမဂ္ဂက ထိုင်းအာဏာပိုင်တွေနဲ့
လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ထွက်ပြေးရတဲ့ ကရင်ဒုက္ခသည် အရေ
အတွက်ဟာ ၆,၀၀၀ ကျော်လောက်အထိ ရှိနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါ
တယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအရှေ့ခြမ်း ကရင်ပြည်နယ်ထဲမှာ အစိုးရစစ်တပ်က ကေအန်ယူ ကရင်
အမျိုးသား အစည်းအရုံးကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ ၆,၄၀၀
လောက်အထိ အိုးအိမ်စွန့်ခွာပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
တိုက်ပွဲတွေဟာ ဆက်ပြီးဖြစ်ပွားနေဆဲ၊ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေလည်း ပိုပိုပြီး
များလာနေပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ
(Marie Okabe) က အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့
ကရင်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အခြေအနေ ပိုသိနိုင်အောင်
လို့ UNHCR ဒုက္ခသည်ဆိုင်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြိုးပမ်း
ဆောင်ရွက်နေပါတယ်။ မကြာခင်ကရောက်လာတဲ့ အရေအတွက်ကို သိနိုင်ဖို့
ထိုင်းနိုင်ငံမြောက်ပိုင်းကို UNHCR ဝန်ထမ်းတွေ ဒီရက်ပိုင်း သွားရောက်နေကြပါတယ်။
ခန့်မှန်းခြေအားဖြင့် ၂,၀၀၀ ကနေ ၆,၄၀၀ လောက် ရှိမယ်လို့ ယူဆရပါတယ်။”

အခုလိုမျိုး ကရင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ ထွက်ပြေးရောက်ရှိလာတာကို ထိုင်းအစိုး
ရက အတည်ပြု ပြောကြားထားပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်
ပြီး မာရီ အိုကာဘဲက အခုလိုဆက်ပြောပါတယ်။

“ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ UNHCR ကနဦး စကားစမည် ပြောကြည့်
ချက်အရဆိုရင်တော့ သူတို့ဟာ မြန်မာအစိုးရနဲ့ အစိုးရရဲ့ မဟာမိတ် ဒီကေဘီအေ
ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး
တို့ကြားမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတာ ဖြစ်ပုံရပါတယ်။ တခြား
သူတွေ အပြောအရကတော့ သူတို့ဟာ အစိုးရတပ်ဘက်က အတင်း လုပ်အားပေး
ခိုင်းစေတာတွေကို ကြောက်လို့ ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ ပြောသွားတာ
ဖြစ်ပါတယ်။

မြန်မာအစိုးရ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကို ဇွန်လ ၄ ရက်နေ့မှာ စတင်
ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွေကတော့ ဇွန်လ ၂ ရက်နေ့ကတည်းက ဖြစ်ပွားနေတာပါ။
တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၀ လောက်ကလူတွေ အိုးအိမ်စွန့်ခွာ
ထွက်ပြေးကြရပါပြီ။ တချို့က ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီ ရောက်ရှိ
ခိုလှုံနေကြပြီ ဖြစ်ပါတယ်။ အခုဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့လိုအပ်ချက်
တွေကို ဖြည့်ဆည်းပေးဖို့ ကုလသမဂ္ဂအနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးဟာ ၁၉၄၈ ခုနှစ်ကတည်းက မြန်မာ
စစ်အစိုးရကို တော်လှန်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG