ဇွန် ၈၊ ၂၀၀၉ - ဆန်စပါးအဓိကစိုက်ပျိုးတဲ့ မြန်မာနိုင်ငံမှာ အခုလို မိုးဦးကျရာသီဟာ စပါးစိုက်ပျိုးချိန်ဖြစ်ပေမယ့် စိုက်ခင်း ပျိုးခင်း လုပ်ငန်းခွင် မစနိုင်သေးတဲ့ လယ်သမားတွေ အများအပြားရှိနေတယ်ဆိုတာ လယ်သမားတွေကိုယ်တိုင် ပြောဆိုတာတွေအရ သိနေရပါတယ်။
ဒီသီတင်းပတ်အစီအစဉ်အတွက် သနပ္ပင်၊ ဒိုက်ဦးတို့က လယ်သမားကြီးတွေနဲ့ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်တို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။