သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြန်မာပြည်သွားဖို့ အခွင့်ကောင်းစောင့်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) က သူ
နောက်တကြိမ် မြန်မာပြည်ကိုသွားဖို့ လုပ်ဆောင်နေတဲ့အကြောင်း မနေ့က
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောလိုက်ပါတယ်။ ဘယ်တော့သွားမယ်ဆိုတာကိုတော့ သူက အတိအကျ မပြောပါ
ဘူး။ အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

“အခြေအနေနဲ့ အချိန်အခါ ကိုက်ညီတဲ့အခါမှာ မြန်မာပြည်ကို ကျနော်သွားဖို့ အဆင်
သင့်ပဲဆိုတာကို ကျနော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ သွားဖို့ကိစ္စကိုလည်း လုပ်ဆောင်
နေပါတယ်။ ဘယ်တော့သွားမယ်ဆိုတာကို ကျနော် အသိပေးမှာပါ” လို့ ပြောသွားခဲ့
ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အပါ
အဝင် မြန်မာပြည် ဒီမိုကရေစီရေးမြှင့်တင်ဖို့ ကိစ္စတွေဟာ ကျနော့်ရဲ့ ထိပ်တန်းဦးစား
ပေးကိစ္စတွေ ဖြစ်ခဲ့သလိုပဲ အခုလည်း ဆက်ပြီး ထိပ်တန်းဦးစားပေးအဖြစ် ရှိနေတုန်း
ပါပဲ။ ကျနော့်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီ (Mr. Gambari) ကနေတဆင့် မြန်မာ
အာဏာပိုင်တွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေကိုလည်း ကျနော် အာရုံစိုက်ပြီး လုပ်ဆောင်
နေပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သတင်း
ထောက်တွေကို ရှင်းပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ပြီးတုန်းကလည်း ဒုက္ခသည်တွေရဲ့
အခြေအနေတွေကို ကြည့်ရှုအားပေးတဲ့အနေနဲ့ မစ္စတာဘန်ကီမွန်း မြန်မာပြည်ကို
ပထမဆုံးအကြိမ်အဖြစ် သွားခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ဝေဖန်သုံးသပ်သူ တော်တော်
များများကတော့ သူ့ရဲ့ခရီးစဉ်ဟာ ထိရောက်မှုသိပ်မရှိခဲ့ဘူးလို့ ပြောကြပါတယ်။
အခုလည်း သူက နောက်တကြိမ် မြန်မာပြည်ကို ထပ်သွားဖို့အရေး အခွင့်အခါကောင်း
ကို စောင့်နေတယ်ဆိုတော့ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေက သူ့အတွက်
အခွင့်အခါကောင်းလို့ ပြောချင်တာပါလဲ၊ သူ နောက်တကြိမ်သွားရင်ရော မြန်မာပြည်
အပြောင်းအလဲအတွက် ဘယ်လိုထူးခြားမှုတွေ ရှိလာနိုင်ပါသလဲ၊ ဒါတွေနဲ့ပတ်သက်လို့
ဦးကျော်ဇံသာအနေနဲ့ ဘယ်လိုများ သုံးသပ်ချက်ပေးချင်ပါသလဲ။

“အခြေအနေ အခွင့်အခါကောင်း ဆိုတာကတော့ သူသွားလိုက်လို့ ရလဒ်ကောင်း
ပေါ်ထွက်လာမယ်၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတခုခု ပေါ်ထွက်လာမယ်ဆိုတာ
ကျိန်းသေတယ်ဆိုရင်တော့ သူသွားမှာပါ။ အဲဒီလို ရလဒ်ကောင်း ပေါ်ထွက်လာနိုင်မယ့်
အလားအလာရှိမရှိကို သူ စောင့်ကြည့်နေဟန် တူပါတယ်။ အဆင်သင့်ပဲဖြစ်နေပြီ
ဆိုတာကတော့ ပြောခဲ့တာ ကြာပါပြီ။ ပထမတကြိမ်သွားလို့ ပြန်လာပြီးကတည်းက
သူမျှော်လင့်ထားတဲ့ အခြေအနေ အခွင့်အခါကောင်းက တခါမှ မပေါ်ပေါက်ခဲ့သေးဘူး
လို့ပဲ ဆိုရပါလိမ့်မယ်။

“အခြေအနေ အခွင့်အခါကောင်း မြန်မာပြည်ဘက်က ကြည့်မယ်ဆိုရင် ကောင်းဖို့
နေနေသာသာ ဆိုးသထက်သာ ဆိုးဆိုးလာတာ တွေ့ရပါလိမ့်မယ်။ အခု
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ ထောင်ထဲကိုပြောင်းချုပ်ဖို့ စီစဉ်တာ
ပေါ့လေ၊ အခု တရားစွဲတယ်ဆိုတာ။ ဆိုတော့ အခြေအနေက ပိုဆိုးလာတယ်ထင်ပါ
တယ်။ မစ္စတာဘန်ကီမွန်း စောင့်မျှော်နေတဲ့ အခြေအနေ အခွင့်အခါကောင်းဟာ
ဝေးသထက် ဝေးနေတယ်လို့ပဲ ထင်ပါတယ်။”

ဒီလိုဝေးနေတယ်ဆိုလို့ရှိရင် မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ
ထွန်းကားစေချင်တယ်လို့ ပြောနေတဲ့ ကုလသမဂ္ဂနဲ့ မြန်မာပြည်ကြားက ဆက်ဆံရေး
ဟာလည်း အလားအလာကောင်းတွေ ဖြစ်လာနိုင်ဖို့ ခက်နေတယ်ဆိုတဲ့ သဘောလား
ခင်ဗျ။

“အဲဒီလိုပဲ ပြောရမှာပါ။ ကုလသမဂ္ဂဆိုတာ တကယ်တော့ တယောက်တည်းသဘောနဲ့
ဆုံးဖြတ်လို့မရဘူး။ အထူးသဖြင့် ကုလသမဂ္ဂမှာ အာဏာအရှိဆုံးဖြစ်တဲ့ လုံခြုံရေး
ကောင်စီထဲမှာ ဗမာအစိုးရကို အကြောင်းအမျိုးမျိုးနဲ့ မျက်နှာသာပေးချင်တဲ့နိုင်ငံတွေက
ရှိနေပါတယ်။ အရေးယူချင်တဲ့လူတွေက ဘယ်လိုပဲပြောပြော၊ ဗြိတိန်တို့ အမေရိကန်
တို့က ဘယ်လိုပဲပြောပြော တရုတ်တို့ ရုရှားတို့က ထော်လော်ကန့်လန့် လုပ်နေကြ
တယ်။ ဒီလိုပဲလျှော့ပြောလိုက်ပါ၊ ဒီလိုပြောရင် ရပါတယ်ဆိုတော့ သူတု့ိလေသံအတိုင်း
ပဲ ဖြစ်သွားတာပါပဲ။ ဆိုတော့ ကုလသမဂ္ဂရဲ့ အင်အားနဲ့ မြန်မာနိုင်ငံကို ပြုပြင်
ပြောင်းလဲဖို့ မျှော်လင့်ရင်တော့ မောရုံပဲရှိမယ်လု့ိ ဆိုရမှာပါ။”

ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး
အကျဉ်းသားတွေကို လွှတ်ပေးဖို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး
စောင့်ကြည့်လေ့လာမှုအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကဲန်းနက်သ် ရော့သ် (Kenneth
Roth) ကနေပြီး မြန်မာစစ်အစိုးရအပေါ် တောင်းဆိုချက်တခုကို ဒီကနေ့ပဲ ဗွီဒီယိုဖိုင်နဲ့
ထုတ်ပြန်လိုက်တာ ရှိပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတို့အတွက် လွတ်လပ်မှုရဲ့ပြယုဂ်၊ ကမ္ဘာ
တလွှား လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ မီးရှူးတန်ဆောင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်နဲ့အတူ လူရွှင်တော် ဇာဂနာ၊ လူ့အခွင့်အရေး လှုံ့ဆော်သူ စုစုနွေး၊ လွတ်လပ်မှု
ကြိုးပမ်းသူ သံဃာတော် ဦးဂမ္ဘီရတို့လို အခြား နိုင်ငံရေးသမားတွေ လွတ်မြောက်
ရေးအတွက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ (Human Rights Watch)
အနေနဲ့ မြန်မာနိုင်ငံ စစ်ခေါင်းဆောင်တွေကို ဆက်လက် ဖိအားပေးသွားမှာ
ဖြစ်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ဟာ 64 Words for Daw Aung San Suu
Kyi လို့ခေါ်တဲ့ ကွန်ပျူတာ အွန်လိုင်းလှုပ်ရှားမှုမှာ ဝင်ရောက်ပြောကြားခဲ့ကြတာ ဖြစ်ပါ
တယ်။ ဒီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဆိုးလှတဲ့ အင်းစိန်အကျဉ်း
ထောင်က လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်
ဘရောင်း (Gordon Brown)၊ ဟောလီးဝုဒ်က ရုပ်ရှင်လောကသား အကျော်အမော်
တွေဖြစ်ကြတဲ့ ဂျော့ချ် ကလူနီ (George Clooney)၊ ဂျူလီယာ ရောဘတ်စ် (Julia
Roberts)၊ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း (David Beckham) တို့က
လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပါဝင်ပြောဆိုခဲ့ကြပြီး
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG