သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ လွန် စစ်ခေါင်းဆောင်များ အခန်းကဏ္ဍ


၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုထားတဲ့ လွှတ်တော် နဲ့ အစိုးရအဖွဲ့တွေပေါ်လာရင် အသွင်အမျိုးမျိုးနဲ့ ဖြစ်လာမယ့် စစ်မှုးထမ်း၊ စစ်ဗိုလ်ကြီးတွေကြား အာဏာအားပြိုင်မှုတွေ ပိုပြီဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေး လေ့လာနေသူများက ကောက်ချက်ချ ပြောဆိုနေပါတယ်။ စစ်တပ်ထဲမှာ လုံခြုံရေး၊ ကာကွယ်ရေး၊ နယ်မြေစိုးမိုးရေးတွေအတွက် ဆက်ပြီကျန်နေမယ့် စစ်ဗိုလ်တွေ၊ လွှတ်တော်အမတ်ဖြစ်လာမယ့် စစ်ဗိုလ်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့လို အသွင်ပြောင်း နိုင်ငံရေးအဖွဲ့တွေမှာ တာဝန်ယူလုပ်ကိုင်မယ့် စစ်ဗိုလ်ဟောင်းတွေအပြင် ဝန်ကြီးအဖွဲ့ နဲ့ အစိုးရအဖွဲ့တွေမှာ နေရာရယူလာမယ့် စစ်ဗိုလ်ဟောင်းကြီးတွေ၊ စစ်အာဏာရှင် ပုဂ္ဂိုလ်တွေကြား ဘယ်လိုပြဿနာ၊ အာဏာလွန်ဆွဲ အားပြိုင်မှုတွေ ဖြစ်ပေါ်လာမလဲဆိုတာကို စစ်တပ်နဲ့ အရပ်ဖက် ဆက်ဆံရေး အထူးပြုလေ့လာနေတဲ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ (Chiang Mai) ပရပ် တက္ကသိုလ် (Payap University) မှ ကထိက ဦးဝင်းမင်း ကို ဗွီအိုအေမြန်မာ သတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG