ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတဲ့ကိစ္စကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် နဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲ ရှေ့နှစ်မှာကျင်းပနိုင်ရေးကို မထိခိုက်စေချင်ဘူးလို့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်း (Goh Chok Tong) က လွန်ခဲ့တဲ့ ဇွန်လ (၈)ရက်နေ့က နေပြည်တော်မှာ ပြောသွားပါတယ်။ ဒေါ်စုကိစ္စဟာ ပြည်တွင်းရေး ဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ သဘောထားကို လျှစ်လျူရှုလို့ မဖြစ်ဘူးလို့လည်း ဂိုချောက်တောင်းက ပြောကြောင်းသိရပါတယ်။
မြန်မာပြည်မှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မြန်မာပြည်မှာ နိုင်ငံရေးပါတီတွေ နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိကြောင်း မျက်မှောက်ရေးရာ ဆောင်းပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာ) နဲ့ အတူ သုံးသပ်တင်ပြထားပါတယ်။