မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားဆွဲဆိုတာဟာ ကြောက်လို့ဖြစ်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရကို အန္တရာယ်ပြုမယ့်သူတဦး ဟုတ်ပါရဲ့လား။ ဒါမှာမဟုတ်ဘူးဆိုရင်လည်း စစ်အစိုးရက ဘာကိုကြောက်နေတာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းချုပ်နှောင်ထားမှု သက်ဆိုးရှည်ဖို့အတွက် စစ်အစိုးရက လုပ်ဆောင်နေခြင်းဟာ သူ့ကိုလွှတ်ပေးရမှာ ကြောက်လို့ဖြစ်တယ်လို့ နိုင်ငံတကာ သုံးသပ်သူတွေက ပြောဆိုနေကြတာတွေကို ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်အောင် သာသနာ့ဥသျှှောင်အဖွဲ့က အတွင်းရေးမှူး ဆရာတော် ဦးစံဒေါဘာသ၊ စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ ဦးဝင်းဖေတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။