သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ဆုံးဖြတ်ချက် မြောက်ကိုရီးယား ဂရုမစိုက်


မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူမှု အသစ်တွေ ပြုလုပ်တာကို တုံ့ပြန်တဲ့အနေနဲ့ သူကလည်း နျူကလီးယား လက်နက် ထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်မယ်လို့ မြောက်ကိုရီးယား က ခြိမ်းခြောက်သွား ပါတယ်။ မြောက်ကိုရီးယားရဲ့ သင်္ဘောတွေကို တားဆီးဖို့ ဘယ်လိုပဲ ကြိုးစားလာရင်ဖြစ်ဖြစ် မြောက်ကိုရီးယား အစိုးရက စစ်ရေးအရ တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး အစိုးရ သတင်းဌာနက ကြေညာသွားပါတယ်။

အခု တိုးမြှင့်လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့မှုအရ မြောက်ကိုရီးယား က အဝင်အထွက် သွားလာနေတဲ့ သင်္ဘောတွေမှာ နျူကလီးယား နဲ့ ဒုံးပျံအစီအစဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ပါမပါ ဆိုတာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စစ်ဆေးပိုင်ခွင့် ရှိပါတယ်။

သောကြာနေ့မှာ သဘောတူညီခဲ့ကြတဲ့ ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုရီးယား လက်နက်တင်ပို့မှုကို တားမြစ်ပြီးတော့ ဘဏ္ဍာရေးကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီအရေးယူမှုဟာ မြောက် ကိုရီးယား နိုင်ငံအပေါ် သင့်လျော်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က စနေနေ့က ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG