သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတ မြန်မာနိုင်ငံ ၂ ရက်ကြာခရီးစတင်


သီရိလင်္ကာ သမ္မတ မဟင်တာ ရာဂျာပါကစာ ဟာ မြန်မာ နိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေး ခရီး ရောက်ရှိနေပါပြီ။ သီရိလင်္ကာနဲ့ မြန်မာ နိုင်ငံကြားမှာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာ နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သီရိလင်္ကာ သမ္မတ ဒီနေ့ သွားရောက်ပြီး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ မြောက်ပိုင်းက တမီးလ် ကျားသူပုန်တွေကို ချေမှုန်းပြီး သတင်း ၃ပတ်အကြာမှာ သမ္မတ မဟင်တာ ရာဂျာ ပါကစာ ဟာ ပထမဆုံး နိုင်ငံခြားခရီးအဖြစ် မြန်မာ နိုင်ငံကို ခရီးထွက် ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် သီရိလင်္ကာ ပြည်တွင်းစစ်ရဲ့ စစ်ပြေး ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၅၀၀၀၀ ကို ပြီးခဲ့တဲ့ အပတ်က လှူဒါန်းခဲ့ပါတယ်။ သီရီလင်္ကာ သမ္မတ နဲ့အတူ နိုင်ငံခြားရေး၊ ဆက်သွယ်ရေးနဲ့ အလုပ်သမား ဝန်ကြီးတွေ၊ အမျိုးသား လွတ်မြောက်ရေး တပ်ဦး ခေါင်းဆောင်နဲ့ သမ္မတ ရုံး အကြီးတန်း အရာရှိကြီးတွေ လိုက်ပါခဲ့ကြပြီးတော့ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သဘောတူ စာချုပ်တွေ လက်မှတ်ရေးထိုးကြဖို့ ရှိတယ်လို့ ကိုလံဘို က လာတဲ့ သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာလည်း ၂၀၀၇ခုနှစ်က သီရိလင်္ကာနိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်ရှိ ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG