သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းနိုင်ငံ တည်ရှိခွင့် ခြွင်းချက်နဲ့ လက်ခံမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြောဆို


စစ်မဲ့ ပါလက်စတိုင်း နိုင်ငံတည်ထောင်ရေး ရည်မှန်းချက်ကို ထောက်ခံတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမန် နေတန် ရာဟုက ပထမဆုံး အကြိမ် ပြောပါတယ်။ ခြွင်းချက် ၂ခု ထားမယ်ဆိုရင် ပါလက်စတိုင်းနိုင်ငံ တည်ရှိရေးကို လက်ခံမယ်လို့ မစ္စတာ နတန်ရာဟု က တနင်္ဂနွေနေ့က ပြောကြားတဲ့ မူဝါဒရေးရာ မိန့်ခွန်းထဲမှာ ပြောခဲ့တာပါ။ အစ္စရေး လုံခြုံရေးကို ခြိမ်ခြောက်စေမယ့် စစ်ရေး စွမ်းဆောင်ရည် ပါလက်စတိုင်းမှာ မရှိဘူးဆိုတာ နိုင်ငံတကာက အာမခံချက် ပေးရမယ်လို့ သူက တောင်းဆိုပါတယ်။ နောက်တခါ အစ္စရေးဟာ ဂျူးလူမျိုးတို့ရဲ့ သမိုင်းဝင် မွေးရပ်မြေ ဖြစ်တယ်ဆိုတာကို ပါလက်စတိုင်း ခေါင်းဆောင်တွေက အသိအမှတ်ပြုရမယ်လို့လည်း ပြောပါတယ်။ အခုလို တောင်းဆိုချက်ကို ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ် က ပယ်ချပါတယ်။

၁၉၄၈ခုနှစ်က အစ္စရေး လွတ်လပ်ရေး စစ်ပွဲ အတွင်းမှာ အခု အစ္စရေး နိုင်ငံဖြစ်နေတဲ့ ဒေသကနေ ထွက်ပြေးခဲ့ကြတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေနဲ့ သူတို့ဆီက ဆင်းသက်လာတဲ့ သန်းတဲ့ချီတဲ့ ဆွေစဉ်မျိုးဆက်တွေဟာ သူတို့ရဲ့ မူလ နေရပ် ကို ပြန်ပိုင်ခွင့်ရှိရမယ်လို့ အာဘက်စ် အစိုးရက ပြောပါတယ်။ မစ္စတာ နတန်ရာဟု မိန့်ခွန်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီး ပြောခဲ့တာလို့လည်း မစ္စတာ အဘက်စ်ရဲ့ ပြောခွင့်ရ က ပြောဆိုပါတယ်။ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်နိုင်ငံတည်ရှိရေး အဖြေကို မစ္စတာ နတန်ရာဟု က ထောက်ခံတဲ့အတွက် အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား က ကြိုဆိုတယ်လို့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG