သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အတိုက်အခံတွေ တားမြစ်မိန့်ကြားက ဆန္ဒပြ


အီရန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့သူ ပြုပြင်ပြောင်းလဲရေးဝါဒီ မီယာ ဟူစိန် မိုဆာဗီ ကို ထောက်ခံသူ ထောင်ပေါင်း များစွာ တို့က အစိုးရက ပိတ်ပင်ထားတာကို အံတုပြီး တီဟီရန် မြို့တော်မှာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဒီကနေ့ အဲဒီလို ဆန္ဒပြပွဲ ပြုလုပ်တဲ့ မြို့လယ်ခေါင်မှာ အဓိကရုဏ်းထိန်း ရဲများကို အစိုးရက ချထားပေမဲ့ ရဲတွေက ဟန့်တား ခြင်းတော့ မရှိပါဘူး။ ဆန္ဒပြပွဲမှာ လူတွေ အေးအေးဆေးဆေး ရှိဖို့ သူကိုယ်တိုင် သွားရောက်မယ်လို့ မစ္စတာ မိုဆာဗီကလည်း ပြောဆိုပါတယ်။

အီရန်သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို တရားဥပဒေကြောင်းကပဲ လုပ်ဆောင်ပါလို့ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ အာလီဟာမီ က မစ္စတာ ဟူစိန် မိုဆာဗီ ကို ပြောကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်က သတင်းထုတ်ပြန်ပါတယ်။

သောကြာနေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက် အနိုင်ရရှိကြောင်း ကြေညာလိုက်လို့ ပြိုင်ဖက် မိုဆာဗီ ကို ထောက်ခံသူများက ၂ ရက်ကြာ ဆူပူ ကန့်ကွက်ခဲ့ပြီးတဲ့နောက် အဲဒီသတင်း ထွက်လာတာပါ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ်လို့ မစ္စတာ အမာဒီနီဂျက် က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG