သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြသူ ပစ်ခတ်ခံရ


အီရန်နိုင်ငံမှာ လူထု စုဝေးပွဲ မလုပ်ရလို့ အစိုးရက တားမြစ်ထားတာကို အာခံပြီး ဒီကနေ့ အင်္ဂါနေ့မှာလည်း အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ တနင်္လာနေ့က ပြုလုပ်တဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူ တယောက် ပစ်သတ်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲ ဝင် အရွေးခံခဲ့တဲ့ အတိုက်အခံ ပြုပြင်ပြောင်းလဲရေးသမား မီ ဟူစိန် မိုဆာဗီ မိန့်ခွန်းပြောတဲ့ တီဟီရန် မြို့တော်က လူထုစုဝေးပွဲကို ထောက်ခံသူ ထောင်ပေါင်းများစွာ လာရောက်ခဲ့ပါတယ်။ အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ လူအုပ်ကြားထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူ အနည်းဆုံး တယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာ ရခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပြည်သူ့စစ်ပုံစံ ဖွဲ့ထားတဲ့ အဲဒီလက်နက်ကိုင် အဖွဲ့တွေရဲ့ ရုံးတွေကိုလည်း ဆန္ဒပြသူတွေ တချို့က မီးရှို့ခဲ့ကြပါတယ်။

မစ္စတာ မိုဆာဗီ က အော်လံ နဲ့ ဆန္ဒပြသူတွေကို မိန့်ခွန်းပြောတာမှာ ပြည်သူတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ှဆန္ဒမဲတွေကို အလွဲသုံးစား မဖြစ်အောင် ကာကွယ်ချင်ကြတယ်လို့ ပြောပါတယ်။ အစိုးရက မဲလိမ်ခဲ့တယ်လို့လည်း သူက စွပ်စွဲပါတယ်။ သောကြာနေ့က လုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ မိုဆာဗီ ကို ပေးခဲ့တဲ့ ဆန္ဒမဲ ရလဒ်တွေကို ပြန်ပြီးတော့ ဖော်ထုတ်ပေးဖို့ ဆန္ဒပြသူတွေက ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

တရားဝင် မဲရလဒ်တွေအရ ရွေးကောက်ပွဲမှာ သမ္မတ မာမွတ် အမာဒီနီဂျက် က အပြတ်အသတ် မဲနိုင်ပြီး မစ္စတာ မိုဆာဗီ ကတော့ မဲတော်တော်ကွာပြီး ဒုတိယလိုက်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG