ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတာဟာ နိုင်ငံရေးပါတီဝင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ တာဝန်ပဲလား။ နိုင်ငံရေးသမား မဟုတ်တဲ့ သာမန်ပြည်သူတွေရဲ့ အခန်းကဏ္ဍရော ဘယ်လောက် အရေးပါ ပါသလဲဆိုတာ ဆွေးနွေးဖို့ အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါက်တာ မန်းမြင့်ဆိုင်၊ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးရာတာဝန်ခံ ဦးဇော်မင်းတို့နဲ့ ဦးကျော်ဇံသာက ပရိတ်သတ်တွေကို တွေ့ဆုံ ပေးထားပါတယ်။