သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ဇူလိုင်မှာ မြန်မာပြည်သွားဖို့ မျှော်လင့်


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း အခုလာမယ့် ဇူလိုင်လ စောစောပိုင်းမှာ မြန်မာပြည်ကို အလည်အပတ် ရောက်လာဖို့ မျှော်လင့်ရတယ်လို့ သံတမန်တွေက ပြောပါတယ်။ မြန်မာ စစ်အစိုးရဘက်ကလည်း မစ္စတာ ဘန်ကီမွန်း နောက်လထဲမှာ လာဖို့ ကမ်းလှမ်းချက်ကို လက်ခံထားတယ်လို့ ဆိုပါတယ်။ မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်ကို အမြန်ဆုံး သွားရဖို့ မျှော်လင့်တယ်၊ သွားရမယ့် အချိန်ကို မြန်မာအာဏာပိုင်တွေနဲ့ ညှိနေတယ်လို့ ပြီးခဲ့တဲ့လကပဲ ပြောခဲ့တာပါ။

သူ မြန်မာပြည်ကို သွားချင်တဲ့အကြောင်းကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး မြန်မာ စစ်အစိုးရကို တိုက်တွန်းဖို့ပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း မစ္စတာ ဘန်ကီမွန်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကြည့်ရှု အားပေးတဲ့ အနေနဲ့ မြန်မာပြည်ကို တကြိမ်ရောက်ခဲ့ ပြီးပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG