သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ မူဆာဗီ ပါဝင်


အီရန်သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရသူ မီယာ ဟူစိန် မူဆာဗီ (Mir Hossein
Mousavi) ကို ထောက်ခံသူ ထောင်ပေါင်းများစွာတို့ဟာ ရွေးကောက်ပွဲနောက်ပိုင်း
တိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် စုဝေး
ကြဖို့ မစ္စတာမူဆာဗီရဲ့ တောင်းဆိုချက်ကို နားထောင်ခဲ့ကြပါတယ်။

မစ္စတာမူဆာဗီနဲ့ ဆန္ဒပြသူတွေဟာ တီဟီရန်မြို့တော်က အီမန် ခိုမေနီ (Imam
Khomeini) ရင်ပြင်မှာ ကြာသပတေးနေ့က စုဝေးခဲ့ကြပါတယ်။ ဆန့်ကျင်ဆန္ဒပြမှု
အထိမ်းအမှတ် အစိမ်းရောင်ဝတ်စုံတွေအစား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
အမည်းရောင်ဝတ်စုံတွေ ဝတ်ဆင်ကြဖို့ မစ္စတာမူဆာဗီရဲ့ တောင်းဆိုမှုအတိုင်း
လူထုပရိသတ် အများစုက အမည်းရောင်ဝတ်စုံတွေ ဝတ်လာခဲ့ကြပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ်ဒ်
အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ကပဲ ၆၃% မဲအရေအတွက်နဲ့ အနိုင်ရခဲ့
တယ်လို့ အာဏာပိုင်တွေ ကြေညာလိုက်ကတည်းက အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ
နေ့စဉ်ဖြစ်ပွားနေတာပါ။

မစ္စတာမူဆာဗီက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲအသစ်တခု
ပြုလုပ်ပေးစေချင်ပါတယ်။

တနင်္လာနေ့တုန်းက တီဟီရန်မြို့တော်မှာ အစိုးရရဲ့ ပြည်သူ့စစ်တွေ လက်ချက်နဲ့ ဆန္ဒ
ပြသူ ၇ဦးမက သေဆုံးခဲ့ရပါတယ်။

ရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးတဲ့ သြဇာရှိတဲ့ ကြီးကြပ်ရေးကောင်စီက
မစ္စတာမူဆာဗီနဲ့ တခြား ရှုံးနိမ့်ခဲ့တဲ့ ယှဉ်ပြိုင်သူ ၂ဦးကို သူတို့ပြောစရာရှိတာတွေ
ပြောဆိုဆွေးနွေးဖို့ဆိုပြီး စနေနေ့က ဖိတ်ခေါ်ခဲ့ပါတယ်။

တချို့မဲတွေ ပြန်ရေတွက်ပေးမယ်လို့ အဲဒီကောင်စီက ကမ်းလှမ်းခဲ့ပြီး မဲမသမာမှုတွေ
ဖြစ်ခဲ့တယ်လို့ တိုင်ကြားခဲ့တဲ့ အမှု ၆၄၆ မှုကို စပြီး စုံစမ်းစစ်ဆေးနေပြီလို့ ကောင်စီ
ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အီရန်ရဲ့ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ကတော့
စည်းလုံးညီညွတ်မှုရှိကြဖို့ တိုက်တွန်းပြီး တီဟီရန်မြို့မှာ ဒီနေ့ကျင်းပမယ့် ဝတ်ပြုပွဲကို
ဦးစီးကျင်းပပေးမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားဟာ သမ္မတ အမာဒီနီဂျက်ဒ်ကို
ထောက်ခံသူတွေရဲ့အားကို ပြသတဲ့အနေနဲ့ လုပ်ဆောင်လိမ့်မယ်လို့ ယူဆရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG