သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ ရဲနှိမ်နင်း


အီရန်နိုင်ငံမှာ ရွေးကောက်ပွဲရလဒ်နဲ့
ပတ်သက်ပြီး မကျေနပ်လို့ဖြစ်ပွားတဲ့ ဆန္ဒပြပွဲ
တွေ ရပ်တော့လို့ နိုင်ငံရဲ့ ဥသျှောင်က သတိ
ပေးခဲ့ပေမယ့် အာခံပြီး ဆက်ဆန္ဒပြသူတွေနဲ့
ရဲတွေကြားမှာ စနေနေ့က တိုက်ခိုက်မှုတွေ
ဖြစ်ပွားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ မစ္စတာ မီယာ
ဟူစိန် မူဆာဗီ (Mir Hussein Mousavi) ကို
ထောက်ခံသူတွေကို အဓိကရုဏ်းထိန်း ရဲတွေ
က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ၊
မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့တယ်လို့ တီဟီရန်
က မျက်မြင်သက်သေတဦးက ပြောပါတယ်။
ဆန္ဒပြသူတွေက အာဏာရှင်ကျဆုံးပါစေဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ ထိခိုက်မှု
တချို့ ဖြစ်ပွားခဲ့တယ်ဆိုပြီး အစိုးရသတင်းဌာနက ကြေညာထားပါတယ်။

သမ္မတရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး တရားမဝင် ဆန္ဒပြမှုတွေလုပ်တဲ့ သူတို့
အခေါ် ဆူပူသူတွေနဲ့ ရဲတွေကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားတယ်လို့ သတင်းမှာ
ပြောသွားပါတယ်။ ညမှောင်လာတဲ့အချိန်မှာတော့ လူတွေ အိမ်ခေါင်မိုးပေါ်တက်ပြီး
ဘုရားသခင်က ကြီးကျယ်မြင့်မြတ်တယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

အီရန်နိုင်ငံ အစ္စလမ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ကွယ်လွန်သူ အယာတိုလာ
ရူဟိုလာ ခိုမေနီ (Ayatollah Ruhollah Khomeini) ရဲ့ ဂူဗိမာန်နားမှာ စနေအစောပိုင်း
က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ အီရန်အစိုးရ
အနေနဲ့ အကြမ်းဖက်မှုတွေ၊ ပြည်သူအပေါ်မှာ မတရားလုပ်မှုတွေကို ရပ်တန့်သင့်ပြီလို့
တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG