သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသင်္ဘော ကုလတားမြစ်ချက်ချိုးဖောက်ပြီး စင်္ကာပူကိုဦးတည်နေပုံရ


ကုလသမဂ္ဂ က ကန့်သတ် တားမြစ်ထားတာကို ချိုးဖေါက်ပြီး မြောက်ကိုးရီးယား ကုန်တင်သင်္ဘော Kang Namဟာ စင်္ကာပူကို ဦးတည် ခုတ်မောင်းနေပုံရတယ်လို့ ဒီသင်္ဘောကို လိုက်လံစောင့်ကြည့်နေတဲ့ အမေရိကန် ရေတပ် ဖျက်သင်္ဘော USS John S. McCainရဲ့ သတင်းပေးပို့ ချက်ကို ကိုးကားပြီး တောင်ကိုးရီးယားနဲ့ အမေရိကန် မီဒီယာတွေက ဖေါ်ပြခဲ့ကြပါတယ်။ မြောက်ကိုးရီးယား ကုန်တင်သင်္ဘော Kang Nam ဟာ မြန်မာနိုင်ငံကို ဦးတည် ခုတ်မောင်းနေတယ်လို့ တောင်ကိုးရီးယားရဲ့ YTN ရုပ်မြင်သံကြားက ဒီနေ့ကြေညာသွားခဲ့ပေမဲ့ တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီသတင်းကို အတည် မပြုသေးပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုးရီးယားရဲ့ ပစိဖိတ် သမုဒ္ဒရာထဲ က ဆိပ်ကမ်း တခုကနေ ထွက်ခွာသွားခဲ့တာ လို့ အမေရိကန် ရေတပ် ဖျက်သင်္ဘောUSS John S. McCain က သတင်းပေးပို့ခဲ့ပါတယ်။ ဒီလထဲမှာ ချမှတ် ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ပေးချက်အရ ကုန်တင် သင်္ဘောKang Namဟာ ပထမဆုံး လိုက်လံ စောင့်ကြည့်ခြင်းခံရတဲ့ မြောက်ကိုးရီးယား သင်္ဘောဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောကြားခဲ့ပြီးတော့ လက်နက်နဲ့ လက်နက် ထုတ်လုပ်မှု နည်းပညာဆိုင်ရာ ပစ္စည်း ကိရိယာ တွေ မြောက်ကိုးရီးယား ကုန်တင်သင်္ဘောတွေမှာ တင်ဆောင်ထားခြင်း ရှိ မရှိ လိုက်လံ စောင့်ကြည့်ဖို့ ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတွေကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါတယ်။ စင်္ကာပူကို လာတဲ့ မြောက်ကိုးရီးယား ကုန်တင်သင်္ဘောမှာ လက်နက်တွေ တင်ဆောင်လာခဲ့ရင် သင့်တော်တဲ့ အရေးယူမှု ပြုလုပ်မယ်လို့ စင်္ကာပူ အစိုးရက ဆိုပါတယ်။ စင်္ကာပူ (သို့မဟုတ်) မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်းနေတဲ့ မြောက်ကိုးရီးယား ကုန်တင်သင်္ဘောKang Namကို အမေရိကန်ရေတပ်က ရပ်တန့် ရှာဖွေစစ်ဆေးမှာလား ဆိုတာကိုတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောဆိုခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG