သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီဟီရန်မြို့တော်မှာ ငြိမ်သက်နေပြီး ဖမ်းဆီးမှုတွေ ရာနဲ့ချီရှိ


အီရန်နိုင်ငံမှာ အငြင်းပွားဖွယ်ရာ ဇွန်လ ၁၂ ရက်နေ့ သမ္မတရွေးကောက်ပွဲနောက်ပိုင်း
ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာတော့ ဆန္ဒပြပွဲ ကြီးကြီးမားမားဖြစ်တဲ့
သတင်း မရဘဲ မြို့တော် တီဟီရန်မှာ အေးဆေးငြိမ်သက်နေပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) က
သူ့ကိုထောက်ခံသူများအား ကန့်ကွက်တဲ့အနေနဲ့၊ စည်းရုံးမှုပြတဲ့အနေနဲ့ ညဦးပိုင်း
အချိန်မှာ မော်တော်ကားရှေ့မီးများ ဖွင့်ထားကြဖို့ နှိုးဆော်ထားပါတယ်။

စနေနေ့က ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ လူ ၄၅၇ ယောက်ကို ထိန်းသိမ်းထားပြီး
၁၀ ယောက် သေဆုံးသွားကြောင်း အီရန်နိုင်ငံတော် အသံလွှင့်ဌာနက သတင်း
ထုတ်ပြန်ပါတယ်။ ဆန္ဒပြပွဲစကတည်းက သေဆုံးသူ ၁၇ ယောက် ရှိသွားပါပြီ။

တီဟီရန်ရဲချုပ်ကတော့ ဆူပူအောင် လှုံ့ဆော်ကြလို့ ထိန်းသိမ်းတာလို့ အကြောင်းပြ
ပါတယ်။

အီရန်နိုင်ငံ ဥသျှောင်အဖွဲ့က ဒါဇင်နဲ့ချီရှိတဲ့ မြို့ကြီးတွေမှာ ရွေးကောက်ပွဲအတွင်း
မဲမသမာမှုတွေ ရှိတယ်လို့ ဆိုထားပေမယ့် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်ခြင်းရှိမရှိ
တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG