သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ တရားဝင်မှု ရှိမရှိ သမ္မတ အိုဘားမား မေးခွန်းထုတ်


အီရန်နိုင်ငံမှာ နိုင်ငံရေး ဆန္ဒပြသူတွေအပေါ် အီရန်အစိုးရ ရဲ့ တရားမမျှတတဲ့ ဆောက်ရွက်ချက်တွေ အတွက် အမေရိကန်သမ္မတ ဘရက် အိုဘားမား က ဝေဖန်ရှုတ်ချလိုက်သလို အီရန် သမ္မတ ရွေးကောက်ပွဲ တရားဝင်မှု ရှိမရှိ အကြီးအကျယ် မေးခွန်းထုတ်စရာ ရှိနေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေအပေါ် အီရန်အစိုးရ ရဲ့ ဖမ်းဆီးမှု ရိုက်နှက်မှုတွေ နဲ့ပတ်သက်လို့ အမေရိကန် နဲ့ နိုင်ငံတကာ မိသားစု တခုလုံးက ထိတ်လန့် တုန်လှုပ်မိသလို ဒေါသထွက်ခဲ့ကြတယ်လို့ အင်္ဂါနေ့က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား က ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ အီရန်အရေးမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပေမယ့် အကြမ်းဖက်မှုတွေ အတွက်တော့ ရှုတ်ချတယ်လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာ က လေ့လာစောင့်ကြည့်သူတွေ မရှိခဲ့တာကြောင့် မဲရုံတွေမှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ဘယ်သူကမှ မသိနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် ပြည်သူတွေထဲက ရာခိုင်နှုန်း အတော်များများ ကတော့ ဒီရွေးကောက်ပွဲကို တရားဝင် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုကြတယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဝေဖန်ပြောဆိုမှုတွေ စွပ်စွဲချက်တွေ နဲ့ ပတ်သက်လို့ အီရန် ဥသျှောင် ကောင်စီ က စုံစမ်း စစ်ဆေးမှုတွေလုပ်ဖို့ နောက်ဆုံးရက်ကို နောက်ထပ် ၅ ရက် သတ်မှတ်ပေးဖို့ အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် Ayatollah Ali Khamenei က သဘောတူခဲ့တယ်လို့ အီရန်အစိုးရပိုင် သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG