သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဖိအားပေးမှု လက်မခံကြောင်း အီရန် ဘာသာရေးခေါင်းဆောင် ပြောဆို


အငြင်းပွားစရာကောင်းတဲ့ သမ္မတ ရွေးကောက်ပွဲ အပြီး၊ ကန့်ကွက် ဆန္ဒပြပွဲတွေကို ရင်ဆိုင်နေရချိန်မှာ အီရန်နိုင်ငံ ဟာ ဖိအား အပေးခံနေရပေမဲ့၊ အလျှော့ပေးမှာ မဟုတ်ဘူးလို့ အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က ပြောပါတယ်။

ခရိုင် ၅၀ မှာ မဲပေးခဲ့တာ မမှန်မကန်ဖြစ်တာတွေ ကို တွေ့ရှိခဲ့ပေမဲ့၊ ရွေးကောက်ပွဲ ရလဒ်တွေကိုတော့ ပယ်ဖျက်ပေးမှာ မဟုတ်ဘူး လို့ အီရန် နိုင်ငံရဲ့ နိုင်ငံ့ ဥသျှောင်အဖွဲ့က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် တစ်ရက် အကြာ၊ ဒီကနေ့ မှာ အယာတိုလာ ခါမေနီ က အဲသလို ပြောခဲ့တာပါ။ ဒီ ရလဒ်တွေ ရဲ့ တရားဝင်မှု က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်လို့ အမေရိကန် သမ္မတ ဘရက် အိုဘားမား က အင်္ဂါနေ့ က ပြောပါတယ်။ ဒီ ရလဒ်တွေအရ လက်ရှိသမ္မတ Mahmoud Ahmadinejad က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

အီရန် ပါလီမန် အဆောက်အဦးရှေ့မှာ ဒီကနေ့ နေ့လယ် လူတွေ စုရုံးကြဖို့ အင်တာနက် စာမျက်နှာတွေ အပေါ်မှာတော့ လှုံ့တော်နေကြပေမဲ့ ဒီ အစီအစဉ် ဖြစ်မဖြစ် အတည်ပြုလို့ မရသေးပါဘူ။။ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဆန္ဒပြတာတွေ ကို ချေမှုန်းပစ်မယ်လို့ တော်လှန်ရေး အစောင့်တပ်တွေက သတိပေးထားပါ တယ်။

ယခင် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသမား အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့သူ Mir Hossein Mousavi ပိုင်ဆိုင်တဲ့ သတင်းစာတိုက်ကို ရဲ က ဝင်စီးခဲ့ပြီး ဝန်ထမ်း ၂၅ ယောက် ကို တနင်္လာနေ့ က ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG