သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြန်မာပြည်လာရေး ဂမ်ဘာရီ ညှိနှိုင်း


မစ္စတာဂမ်ဘာရီ (Mr. Gambari) ဒီကနေ့ သောကြာနေ့မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ ၈ ကြိမ်မြောက်ဖြစ်မယ့် ဒီတခေါက် ခရီးစဉ်ကတော့ အဓိကအားဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) လာရောက်နိုင်ဖို့အတွက် ကြိုတင်ညှိနှိုင်းမယ့်သဘော ဖြစ်နိုင်ပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဒီနှစ် ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် မြန်မာပြည်ကို ရောက်လာခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ အခုတကြိမ် မစ္စတာဂမ်ဘာရီဟာ မြန်မာပြည်မှာ ၂ ရက်ကြာ နေထိုင်လိမ့်မယ်ဆိုပြီး အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးရုံး အရာရှိက ဆိုပါတယ်။

မစ္စတာဂမ်ဘာရီနဲ့ စစ်အစိုးရတို့ ညှိနှိုင်းလို့ ပြေလည်ပြီး မစ္စတာဘန်ကီမွန်း လာဖြစ်မယ်ဆိုရင် နောက်လ ဇူလိုင်လအတွင်းမှာ ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် အာရှသံတမန်တချို့က တွက်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG